Raising Arizona
Raising Arizona (1987) IMDB 7.3/10 ဇာတ်လမ်းအကျဉ်း အိတ်ချ်အိုင် (ခေါ်) ဟိုင်း ဟာ ခိုးမှုပေါင်းများစွာနဲ့ ထောင်ထဲ ခဏခဏ ဝင်ထွက်နေရတဲ့ လူငယ်တစ်ဦးပါ။ ထောင်ထဲမှာ သူနဲ့ ရင်းနှီးသွားတာကတော့ သူ့ရဲ့ ရာဇဝတ်မှုမှတ်တမ်းအတွက် ဓာတ်ပုံရိုက်ပေးရတဲ့ ရဲမေ အက်ဒ် ပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦး ချစ်ကြိုက်သွားပြီး ဟိုင်း တစ်ယောက် နောင်တရကာ ဘဝသစ်ထူထောင်ဖို့ အက်ဒ် နဲ့ လက်ထပ်လိုက်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ချင်ပေမဲ့ ကလေးမရနိုင်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရပါတယ်။ အဲဒီအချိန်မှာပဲ မြို့က ပရိဘောဂ သူဌေးကြီးမှာ ရင်သွေး ၅မွှာမူး မွေးဖွားတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အခါမှာတော့ ကလေးလိုချင်တဲ့ အတွေးနဲ့ ကလေးတစ်ယောကို ခိုးယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ကလေး ခိုးရင်း တွေ့ရမယ့် အလွဲအချော်တွေ၊ ထောင်ပြေးသူငယ်ချင်းတွေရဲ့ နှောင့်ယှက်မှုတွေနဲ့ လိုက်လံဖမ်းဆီးမှုတွေကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းဖြစ်လို့ အမောပြေစေမှာ အမှန်ဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်
ဇာတ်လမ်းအကြောင်း