ဇာတ်ကားများ ရွေးရန်

Jadi Tuh Barang

2025ဇာတ်ကားအမှတ် 7.4/10101 မိနစ်

Jadi Tuh Barang (2025) IMDb Rating (7.4) "ချစ်ပေမဲ့ အနာဂတ်မသေချာရင် လမ်းခွဲရတာပဲလေ... ဒါပေမဲ့ ဒီအချစ်ကို ပြန်ရဖို့ မိုးနတ်မင်းကိုတောင် အန်တုရဲတယ်ဆိုရင်ရော..." ကဲ... အင်ဒိုနီးရှား ဟာသကား ကောင်းကောင်းလေးတွေ၊ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ Comedy Drama လေးတွေ ရှာနေတဲ့ Bro တို့အတွက် အသစ်စက်စက်ထွက်ရှိထားတဲ့ "Jadi Tuh Barang" ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။ ဒီကားမှာတော့ အင်ဒိုနီးရှားရဲ့ နာမည်ကြီး လူရွှင်တော် (Komika) တွေဖြစ်တဲ့ Oki Rengga, Dicky Difie နဲ့ Steven Wongso တို့အပြင် ကျွန်တော်တို့ မြန်မာပရိသတ်တွေရဲ့ အချစ်တော်လေး Beby Tsabina နဲ့ Ge Pamungkas တို့ ပါဝင်အားဖြည့်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အူတက်အောင် ရယ်ချင်သူတွေအတွက်တော့ ကွက်တိပါပဲ။ ဇာတ်လမ်းလေးကတော့ ဘွန်းဆိုတဲ့ လူငယ်လေးဟာ သူ့ရဲ့ကောင်မလေး ချန်တီကာ (Beby Tsabina) နဲ့ လမ်းခွဲခံလိုက်ရရာကနေ စပါတယ်။ ကောင်မလေးက မချစ်လို့မဟုတ်ဘဲ ဘွန်းတစ်ယောက် အလုပ်အကိုင် ရေရေရာရာမရှိ၊ အနာဂတ်အတွက် ကြိုးစားချင်စိတ်မရှိတဲ့ လူပျင်းတစ်ယောက်လို့ ထင်သွားလို့ လမ်းခွဲသွားတာပါ။ အသည်းကကွဲ လူကမွဲနေတဲ့ ဘွန်းတစ်ယောက် ဘဝကို ပြန်လည်တည်ဆောက်ဖို့အတွက် သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ အာဝမ် နဲ့ ဝုန်ဆိုတို့နဲ့ပေါင်းပြီး ငွေရှာဖို့ ကြံစည်ပါတော့တယ်။ အဲဒီမှာ သူတို့သုံးယောက် ရွေးချယ်လိုက်တဲ့ အလုပ်ကတော့ လုံးဝကို ဂွတီးဂွတ ဖြစ်လွန်းတဲ့ "မိုးခေါ်၊ မိုးတား ပရောဂဆရာ" အလုပ်ပါပဲ။ ဘဝကြီးက ကျပ်တည်းလွန်းလို့ အသက်ရှူကြပ်နေချိန်မှာ ဒီလို ကြံကြံဖန်ဖန် အလွဲအချော်တွေနဲ့ ငွေရှာကြမယ့် သူငယ်ချင်းသုံးယောက်ရဲ့ ဗရုတ်သုတ်ခတွေကတစ်ပိုင်း ရုပ်ဖြောင့်ရေလျှံ အာနိုးလက်ထဲက ချစ်သူကို အရပြန်လုရင်း တလွဲတွေဖြစ်မှာကတစ်ဖုံနဲ့ တော်တော်လေးအခွီတစ်လိုင်းဖြစ်စေမှာမို့ ဘဝအမောတွေပြေပျောက်ဖို့ ခုပဲ ရှုစားလိုက်ရအောင်ပါ။ File Size : 1.25GB/ 660MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 38m Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း