ဇာတ်ကားများ ရွေးရန်

Eat Pray Bark

2026ဇာတ်ကားအမှတ် 5.8/1091 မိနစ်

Eat Pray Bark (2026) IMDb Rating (5.4) ခွေးချစ်သူတွေနဲ့ မိသားစုတွေအကြိုက် တွေ့စေမယ့် ဂျာမန် Comedy ကားကောင်းတစ်ကားဖြစ်ပါတယ်။ ခွေးတစ်ကောင်ကို ထိန်းကျောင်းပြုပြင်ပေးရင်း လူကိုယ်တိုင်ပါ ပြောင်းလဲသွားစေတယ်ဆိုတဲ့ သဘောကို ဖော်ပြထားပါတယ်။ ဇာတ်လမ်းမှာတော့ စရိုက်ကိုယ်စီရှိကြတဲ့ ခွေးပိုင်ရှင် ၅ ယောက်အကြောင်းကို တွေ့ရမှာပါ။ သူတို့ရဲ့ ခွေးလေးတွေဟာ ထိန်းရခက်လွန်းလို့ အားလုံးက လက်လျှော့ထားကြသူတွေပါ။ သူတို့အတွက် နောက်ဆုံးမျှော်လင့်ချက်ကတော့ တိုင်ရိုးတောင်တန်းပေါ်မှာရှိတဲ့ ဝါရင့်ခွေးလေ့ကျင့်ရေးဆရာကြီးဆီမှာ သင်တန်းတက်ဖို့ပါပဲ။ လှပတဲ့ တောင်တန်းကြီးတွေပေါ်မှာ ခွေးလေးတွေကို စနစ်တကျ လေ့ကျင့်ပေးရင်းနဲ့ ခွေးပိုင်ရှင် ၅ ယောက်ဟာလည်း သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေ၊ အားနည်းချက်တွေကိုပြန်လည်သုံးသပ်မိလာပြီး ခွေးလေးတွေနဲ့ရော၊ ပတ်ဝန်းကျင်နဲ့ပါ ဘယ်လိုမျိုး သဟဇာတဖြစ်အောင် နေထိုင်ရမလဲဆိုတာကို သင်ယူသွားကြပုံကို ရယ်မောစရာ အလွဲအချော်လေးတွေနဲ့မြင်တွေ့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ File size… (1.7 GB) / (1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:32:34 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း