ဇာတ်ကားများ ရွေးရန်

Where the Scary Things Are

2022ဇာတ်ကားအမှတ် 5.2/1097 မိနစ်

အေလာနဲ့ သူငယ်ချင်းတစ်စုဟာ အထက်တန်းကျောင်းသားတွေဖြစ်ပြီး အိမ်မှာမနေချင်တဲ့အခါ ပိတ်ထားတဲ့ ကစားကွင်းဟောင်းကြီးတစ်ခုဆီ သွားအချိန်ဖြုန်းလေ့ရှိကြပါတယ်။ အစောင့်က မိသွားလို့ မိဘတွေကို တိုင်တာမျိုးရှိပေမယ့် သူတို့ကတော့ အဲဒီနေရာကို သွားမြဲသွားနေကြတယ်။ တစ်နေ့မှာ သမိုင်းဆရာက ယုံတမ်းမကောင်းဆိုးရွားပုံပြင်တွေအကြောင်း သင်ပေးပြီး သူတို့ကိုယ်တိုင် ယုံတမ်းပုံပြင်တစ်ပုဒ် ဖန်တီးဖို့ အိမ်စာပေးလိုက်ပါတယ်။ ဒီလိုနဲ့ ကစားကွင်းဟောင်းဆီ ပြန်ရောက်သွားကြတဲ့အခါ လူလည်းမဟုတ်၊ တိရစ္ဆာန်လည်းမဟုတ်တဲ့ သတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ကြတယ်။ ပုံပြင်တစ်ပုဒ် ဖန်တီးဖို့ အိမ်စာရထားတဲ့ ဒီသူငယ်ချင်းတစ်စုဟာ သူတို့ရှေ့က သတ္တဝါကြီးကို ဘယ်လိုရင်ဆိုင်ပြီး ဘာတွေဆက်လုပ်ကြမလဲ။

ဇာတ်လမ်းအကြောင်း