ဇာတ်ကားများ ရွေးရန်

Balik Eskwela

2026ဇာတ်ကားအမှတ် 6.8/1048 မိနစ်

Balik Eskwela (2026) "သာမန်ကျောင်းသူလေးတစ်ယောက်ရဲ့ နောက်ကွယ်က... ဘယ်သူမှမသိတဲ့ အမှောင်ခြမ်း" Pinoy Horror ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် Viva One ကနေ အသစ်စက်စက် ထွက်ရှိလာတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားမှာတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား Marco Gumabao အပြင် မင်းသမီးချောလေးတွေဖြစ်တဲ့ Ashtine Olviga နဲ့ Sara Joe တိုက အဓိကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းကတော့ TikTok မှာ နာမည်ကြီး Viral ဖြစ်ခဲ့တဲ့ "BookOfBadIdeas" ရဲ့ Original Story ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအစမှာတော့ သာမန်ကျောင်းဖွင့်ရာသီမှာ သာမန်ကျောင်းသူလေးတစ်ယောက်ရဲ့ သာမန်နေ့ရက်လေးတွေလိုပဲ အေးအေးချမ်းချမ်း ထင်ရပေမဲ့... တကယ်တော့ အရာရာက ထင်သလို ရိုးရှင်းမနေခဲ့ပါဘူး။ ကျောင်းကို ပြန်တက်တဲ့အချိန် မိုအာနာဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ပြီးနောက်ပိုင်းမှာတော့ သူမရဲ့ဘဝကြီး တစ်ဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်။ သူ့ရဲ့ သာမန်ဇာတ်လမ်းလေးနောက်ကွယ်မှာ ဘယ်သူမှ ရင်ဆိုင်ဖို အဆင်သင့်မဖြစ်သေးတဲ့ ကြောက်မက်ဖွယ်ရာ အမှန်တရားကြီးတစ်ခုက ပုန်းကွယ်နေတဲ့အခါ… မိုအာနာဆိုတာ တကယ်ပဲ ဘယ်သူလဲ... ကျောင်းတော်ကြီးထဲမှာ ဘယ်လို ထိတ်လန့်စရာတွေ ပုန်းကွယ်နေလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ရိုးရိုး Jump Scare သရဲကားတွေထက် Psychological Horror ဘက်ကို ပိုသွားပြီး ကျောချမ်းစရာကောင်းအောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေးမိုလို ညဘက်တစ်ယောက်တည်း ကြည့်ရင်တော့ နောက်ကျောလေး ဘာလေး လုံအောင်ထားဖို ကြိုပြီး သတိပေးလိုက်ပါရစေဗျာ။ File size…1.27GB / 848MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….48m Genre ….. Horror, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း