ဇာတ်ကားများ ရွေးရန်

Who's The Boss?

2026ဇာတ်ကားအမှတ် 6.7/10

Who's the Boss? (2026) ဒီဖိလစ်ပိုင်ဇာတ်ကားလေးကတော့ Drama Special-Comedy အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာကတော့ RC delos Reyes ဖြစ်ပြီး Ashtine Olviga နဲ့ Rufa Mae Quinto တို့အဓိက ပါဝင်ထားပါတယ်။ နာမည်ကြီးဖက်ရှင်ဘရန်းရဲ့ ဘော့စ်နဲ့ ဝန်ထမ်းအငယ်လေးတို့ ကျိန်စာကြောင့် ခန္ဓာကိုယ်ချင်း လဲသွားပြီး အကုန်ကမောက်ကမ ဖြစ်ရတဲ့ကြားထဲက အလုပ်တာဝန်တွေကို ပြီးစီးအောင်မြင်အောင် လုပ်သွားကြပုံလေးကို ချစ်စဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း နာမည်ကြီးဖက်ရှင်ဘရန်းရဲ့ ဘော့စ်ဖြစ်တဲ့ လိုက်ဒါဟာ အသက် ၄၅ နှစ်အရွယ် အပြောအဆိုကြမ်းတမ်းပြီး စိတ်သဘောထားဆိုးသူပါ။ ဒါကြောင့် ကုမ္ပဏီက ဝန်ထမ်းတွေက သူ့ကို ဘယ်လိုမှ သဘောမကျကြပါဘူး။ တင်န်ကတော့ အသက် ၂၀ ကျော် ငယ်ရွယ်လှပပြီး content တွေ ဖန်တီးချင်တဲ့ Vlogger ဖြစ်တဲ့အပြင် လိုက်ဒါ့ကုမ္ပဏီက ဝန်ထမ်းငယ်လေးပါ။ တင်န်ရဲ့သူငယ်ချင်း အော်လ်ဂါကို ဘော့စ် အလုပ်ထုတ်ပစ်လိုက်တဲ့အတွက် အော်လ်ဂါ့အဘွားက ဘော့စ်ကို ကျိန်စာတိုက်ခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ဘော့စ် လိုက်ဒါနဲ့ တင်န်တို့ဟာ ခန္ဓာကိုယ်ချင်း လဲလှယ်သွားကြပြီး နိုးထလာကြပါတော့တယ်။ ကုမ္ပဏီကလည်း အကျပ်အတည်းဖြစ််နေချိန် Vlogအတွက် ဗီဒီယို ရိုက်ပေးရမှာတွေနဲ့ ခန္ဓာကိုယ်ချင်း လွဲနေကြတဲ့ ဘော့စ်နဲ့ ဝန်ထမ်းအငယ်လေးတို့ ဘယ်လိုစခန်းသွားကြပြီးကျိန်စာပြယ်အောင် ကြိုးစားသွားကြမလဲဆိုတာကိုတော့ ...... File size…1.41GB / 862MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 00m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း