The Ghost
The Ghost (2004) // Dead Friend (2004) ဒီတစ်ခါမှာတော့ နွေပူပူ မီးပျက်ညတွေမှာ ကြည့်ဖို့ 2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ Horror ကားကောင်း တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းကိုတော့ လူမှုဆက်ဆံရေးမေဂျာ ဒုတိယနှစ်ကျောင်းသူ မင်ဂျီဝန်းကို အခြေတည်ထားပါတယ် ။ မင်ဂျီဝန်းဟာ ဖခင်ဖြစ်သူကလည်း ဆုံးပါးသွားပြီး မိခင်ဖြစ်သူကပါ အရက်သမားဖြစ်နေတဲ့အခြေအနေမှာ သူကိုယ်တိုင်ကလည်း မတော်တဆမှုတစ်ခုကြောင့် အတိတ်မေ့နေခဲ့သူပါ ။ အတိတ်မေ့နေတဲ့သူ့အတွက် အရာအားလုံးက အသစ်အဆန်းဖြစ်နေတာမို့ နိုင်ငံခြားကို ပြောင်းပြီး ဘဝသစ်စမယ်လို့ စိတ်ကူးနေတဲ့အချိန်မှာပဲ အရင်တုန်းက သူငယ်ချင်းဖြစ်ခဲ့ကြသူတွေ တစ်ယောက်ပြီး တစ်ယောက် ထူးဆန်းစွာ ရေနစ်သေဆုံးကုန်တဲ့ ကိစ္စတွေဖြစ်လာပါတော့တယ် ။ သူငယ်ချင်းတွေ သေသွားတဲ့ကိစ္စအတွက် တရားခံက ဂျီဝန်းပါ ဆိုပြီး စွပ်စွဲခံလာရတဲ့အခါ အတိတ်မေ့နေတဲ့ ဂျီဝန်းတစ်ယောက် မှတ်ဉာဏ်တွေ ပြန်ရဖို့ ကြိုးစားရပါတော့တယ် ။ သူ မမှတ်မိတော့တဲ့ သူတို့အတိတ်မှာ ဘာတွေ ဖြစ်ခဲ့ကြတာလဲ ။ သူ့သူငယ်ချင်းတွေ မသေခင် ပြောသွားသလို တကယ်ပဲ ရေသရဲက ဖမ်းစားသွားတာလား ။ သူ မေ့နေခဲ့တဲ့ အတိတ်ဇာတ်ကြောင်းမှာ ဘယ်လို နက်ရှိုင်းတဲ့ ပြဿနာတွေရှိနေသလဲဆိုတာကို plot twist များစွာနဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ။ ဒီဇာတ်လမ်းမှာဆိုရင်တော့ ကျောင်းသူ မင်ဂျီဝန်းအဖြစ် မင်းသမီး Kim Haneul က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ။ File size…1.78GB / 816MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 38 min. Genre ….. Thriller, Mystery, Horror, Supernatural Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း