ဇာတ်ကားများ ရွေးရန်

Love Of South And North

2003ဇာတ်ကားအမှတ် 6.5/10106 မိနစ်

Love of South and  North (2003) ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Love of South and North ရုပ်ရှင်ဇာတ်ကားလေးဟာ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားတို့ကြားက ဝါဒတွေ၊ နယ်ခြားမျဉ်းတွေထက် ပိုမိုခိုင်မာတဲ့ နှလုံးသားနှစ်ခုရဲ့ ဆုံစည်းမှုကို ပုံဖော်ထားပြီးတော့ မတူညီတဲ့ လူနေမှုစနစ် နှစ်ခုကို ဟာသနှော ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မင်းသား Jo In-sung ရဲ့ ငယ်ရွယ်နုပျိုတဲ့ ပုံစံလေးနဲ့ မင်းသမီး Kim Sa-rang တို့ရဲ့ လိုက်ဖက်ညီမှုနဲ့  သရုပ်ဆောင်ချက်တွေကလည်း ဒီဇာတ်လမ်းကို ပိုပြီး အသက်ဝင်စေတာကို မြင်တွေ့ကြရမှာပါ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ တောင်ကိုရီးယားနိုင်ငံက ပျော်ပျော်နေတတ်ပြီး  အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးရဲ့ သားဖြစ်သူ ဂင်ချောဆူ( Jo In-sung) နဲ့ မြောက်ကိုရီးယားနိုင်ငံက ထူးချွန်ထက်မြက်ပြီး အရာရှိကြီးရဲ့သမီးဖြစ်သူ အိုယောင်းဟီ(Kim Sa-rang) တို့ နှစ်ယောက်ဟာ တရုတ်ပြည် ယန်ပြန်ဒေသမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်ကို တူးဖော်ဖို့ သွားရောက်ရာကနေ  စတင်ဆုံတွေ့ဖို့  အကြောင်းဖန်လာခဲ့ကြပါတယ်။ မတူညီတဲ့ ဝါဒတွေ၊ တင်းကျပ်တဲ့ စည်းကမ်းတွေကြားကနေ သူတို့နှစ်ယောက်ကြားမှာ မမျှော်လင့်ဘဲ သံယောဇဉ်ပန်းတွေ ပွင့်လန်းခဲ့ပါတယ်။ ဒါပေမဲ့ တောင်နဲ့မြောက်ကြားက နိုင်ငံရေး တံတိုင်းကြီးတွေကတော့ သူတို့ရဲ့ အချစ်အတွက် အတားအဆီးကြီးဖြစ်လာခဲ့ပါတယ်။ အချစ်ရဲ့ စွမ်းအားတွေဟာ အချိန်နဲ့ နေရာတွေကို ကျော်ဖြတ်နိုင်ကြောင်း သက်သေပြဖို့အတွက် ဂင်ချောဆူတစ်ယောက် မြောက်ကိုးရီးယားမြေပေါ်ကို ခြေချခဲ့ပါတော့တယ်။ သူ့တို့နှစ်ယောက်ရဲ့ အချိန်နဲ့ နေရာတွေကို ကျော်ဖြတ်နိုင်တဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်သွားမလဲ။ နိုင်ငံရေးနောက်ခံတွေ ပါဝင်နေပေမဲ့ ဇာတ်လမ်းကို အရွှန်းဖောက်ထားတဲ့ အခန်းလေးတွေနဲ့ ပေါ့ပေါ့ပါးပါး တင်ဆက်ထားပြီး နယ်ခြားမျဉ်းဆိုတဲ့ အတားအဆီးကြောင့် ခံစားရတဲ့ အလွမ်း၊ အဆွေးနဲ့ စွန့်စားခန်းတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့် ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ File Size - 1.8 GB/ 868 MB Quality - WEB-DL 1080p/ 720p Duration - 1h 47m Format - mp4 Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း