Ju-on: The Curse
Ju-on: The Curse (2000) IMDb Rating (6.8) Ju-on: The Curse (2000) ဟာ ဂျပန်ဟော်ရာလောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့ ဂန္ဓဝင်လက်ရာတစ်ခုဖြစ်ပြီး အခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၀၂ ရုံတင်ဗားရှင်းမတိုင်ခင် ဗီဒီယိုအဖြစ်ထွက်ခဲ့တဲ့ လုံး၀ပထမဆုံး Ju on စစ်စစ်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိထားတဲ့အတိုင်း နာကျည်းမှုကျိန်စာသင့်နေတဲ့ အိမ်ကြီးတစ်လုံးအကြောင်းပါပဲ။ အဲ့ဒီအိမ်ကိုခြေချမိသူတိုင်း ဒီဝဲဂယက်က ရုန်းမထွက်နိုင်ဖို့ပဲ တစ်ယောက်ပြီးတစ်ယောက်သေဆုံးကြရပါတယ်။ အဲ့ဒီအိမ်ကိုဝယ်မိတဲ့ မိသားစု၊ စုံစမ်းစစ်ဆေးသူတွေနဲ့ ရဲတွေ ဆက်စပ်သူတွေ ကျိန်စာရဲ့သက်ရောက်မှုကိုခံရတဲ့ အကြောင်းတွေ တွေ့မြင်ရမှာပါ။ ဒီဇာတ်ကားကိုရုံတင်ဖို့ ရိုက်တာမဟုတ်ပဲ ဗီဒီယိုအဖြစ်တိုက်ရိုက်ဖြန့်ချိဖို့ အပိုင်း (၁) နဲ့ (၂) ဆိုပြီး ဘတ်ဂျက်နည်းနည်းနဲ့ရိုက်ကူးခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ The Ring ပြီးရင် ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ဂျပန်သရဲကားတစ်ကားဖြစ်လာခဲ့ပါတယ်။ အခုတင်ဆက်ပေးမယ့် ဗားရှင်းရဲ့အောင်မြင်မှုကြောင့် ၂၀၀၂ မှာရုံတင်ဗားရှင်းထပ်ရိုက်ခဲ့ရပါတယ်။ အရင် ဟော်ရာကားတွေနဲ့ကွဲထွက်နေတဲ့ အချက်တွေဖြစ်တဲ့ နေခင်းကြောင်တောင်လည်း သရဲခြောက်နိုင်တယ်ဆိုတဲ့ အယူအဆနဲ့ရှောင်လွှဲမရတဲ့ ကျိန်စာဆိုတဲ့အချက်တွေဟာ ကြည့်ရှုသူကို အတော်စိတ်ဆင်းရဲစေနိုင်သလို Jump scare တွေထက် တစ်ဖြည်းဖြည်းလေးလံထိုင်းမှိုင်းပြီး ခြောက်ခြားလာအောင် လုပ်နိုင်တဲ့အစွမ်းကြောင့် အခုချိန်ထိ ဟော်ရာဖန်တွေထဲမှာ ရေပန်းစားနေဆဲ ဇာတ်ကားတစ်ကားဖြစ်နေတာပါပဲ။ File size… (980 MB) / (730 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Mystery Duration…. 01:12:16 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း