Dachimawa Lee
Dachimawa Lee (2008) 2008 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 5.2 ရှိတဲ့ ဂျပန်နယ်ချဲ့ခေတ်နောက်ခံ အက်ရှင်ဟာသဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…။ ကိုရီးယားရုပ်ရှင်ချစ်သူတွေအနေနဲ့ ဇာတ်ပို့မင်းသားအဖြစ် သိရှိကြတဲ့ Im Won Hee ကတော့ ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပြီး မင်းသမီးကြီး Gong Hyo Jin, Park Si Yeon တို့နဲ့လည်း တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဂျပန်နယ်ချဲ့အောက်မှာ ရောက်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အရေးကြီးတဲ့ ဗုဒ္ဓရွှေဆင်းတုတော် အခိုးခံလိုက်ရရာကနေ ဇာတ်လမ်းစပါတယ်။ ဒီဆင်းတုတော်က ဘာလို့အရေးကြီးရလဲဆိုရင်တော့ ကိုရီးယားလွတ်လပ်ရေးတိုက်ပွဲအတွက် တိုက်ပွဲဝင်နေကြသူတွေရဲ့ သတင်းအချက်အလက်တွေ ပါနေလို့ပါ…။ ဒီတော့ ဆင်းတုတော်သာ ဂျပန်လက်ထဲရောက်သွားရင် ကိုရီးယားနိုင်ငံအတွက် မတွေးဝံ့စရာပေါ့…။ ဒီလိုနဲ့ ကိုရီးယားကြားဖြတ်အစိုးရက ဆင်းတုတော်ကိုပြန်လည်ရယူဖို့နဲ့ ခိုးယူမှုနောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ နာမည်ကြီး သူလျှို ဒါချီမာဝါ အီ ကို တာဝန်ပေးခဲ့ပါတယ်…။ ဒါပေမဲ့ ဒါချီမာဝါမှာ တာဝန်ထမ်းဆောင်ရင်း စစ်ဆင်ရေးတစ်ခုမှာ အကြီးအကျယ် ကျရှုံးခဲ့ပြီး မှတ်ဉာဏ်တွေပါ ပျောက်ဆုံးသွားခဲ့ပါတယ်…။ ဒီလိုနဲ့ မှတ်ဉာဏ်တွေပြန်ရလာအောင် ကြိုးစားရင်း ဆင်းတုတော်ကို ပြန်လည်ရယူဖို့ ရန်သူတွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုကြည့်ပါဦးနော်…။ လေးလံတဲ့အကြောင်းအရာဖြစ်ပေမဲ့ ဟာသလည်းနှောထားတဲ့အတွက် ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေအတွက်လည်း အဆင်ပြေတဲ့ ဇာတ်ကားလေးပါ…။ File Size - 1.8 GB/ 888 MB Quality -NF WEB-DL 1080p/ 720p Duration - 1h 39m Format - mp4 Genre - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း