A Story of Yonosuke
A Story of Yonosuke (2013) IMDb Rating (7.6) ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဂျပန်ဇာတ်ကားလေးကတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေကို နောက်ခံရိုက်ကူးထားပြီး မင်းသား Kengo Kôra နဲ့ မင်းသမီး Yuriko Yoshitaka တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဘဝမှာ ကြုံဆုံခဲ့သမျှ အမှတ်တရတွေထဲက အလိုလိုပြုံးမိသွားလောက်အောင်ထိ ရင်ထဲကို အမှတ်တရတွေ အပို့ပေးနိုင်ဆုံး လူသားလေးတစ်ယောက်အကြောင်းကို ဂျပန်နိုင်ငံရဲ့ ၁၉၈၀ ပြည့်လွန်နှစ်များက လူနေမှုစရိုက်နဲ့ ထင်ဟပ်ဖော်ညွှန်းထားပြီး IMDb Rating 7.6/10 အထိ ရရှိထားတဲ့ ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း နာဂါဆာကီဆိုတဲ့ နယ်မြို့လေးကနေ တိုကျိုမြို့ကို တက္ကသိုလ်တက်ဖို့ ရောက်ရှိလာတဲ့ ယိုနိုဆုခဲ... မျက်နှာလေးက ပြုံးချိုပြီး မြင်လိုက်တာနဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ယိုနိုဆုခဲဟာ တိုကျိုမှာ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ကာ ဈေးပေါတဲ့အဆောင်လေးမှာ နေနေတဲ့ သာမန်ကျောင်းသားလေး တစ်ယောက်ပေါ့။ သူဟာ ဘယ်သူငယ်ချင်းကိုမဆို ဘာအရောင်မှ မပါဘဲ ပေါင်းသင်းတတ်သလို သူ့ရဲ့ ရိုးသားပွင့်လင်းမှုတွေ ဟန်မဆောင်တတ်တဲ့ အပြုအမူလေးတွေကပဲ သူနဲ့ခင်မင်ကြတဲ့ မိတ်ဆွေသူငယ်ချင်းတိုင်းကို ပိုအေးချမ်းစေခဲ့ပါတယ်။ ဒီဇာတ်ကားလေးမှာ သာမန်လူသားလေး ယိုနိုဆုခဲနဲ့ ကြုံဆုံဆက်ဆံဖူးသူတိုင်း သူရဲ့ ရိုးသားမှု၊ ပွင့်လင်းမှုနဲ့ အကောင်းမြင်တတ်တဲ့ စိတ်ဓာတ်လေးတွေက သူ့အပေါ် ဘယ်လိုသတိတရ အောက်မေ့နေစေသလဲဆိုတာနဲ့ ပြန်မရနိုင်တဲ့ ငယ်စဉ်ဘဝအတွက် ယိုနိုဆုခဲက သူတို့အပေါ် ဘယ်လောက်ထိ အမှတ်တရဖြစ်စေခဲ့သလဲဆိုတာကို အလှပဆုံး ပုံဖော် ရိုက်ကူးတင်ဆက်ထားပြီး ကိုယ်တွေရော ဘယ်သူတွေကို ဘယ်လိုအေးချမ်းမှုတွေ ပေးခဲ့ပြီး ဘယ်လိုအမှတ်တရ ဖြစ်ကျန်စေခဲ့မလဲဆိုတာကို တွေးတောမိစေမဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ ရှင်သန်နေရတဲ့ လူ့ဘဝအချိန်ကာလအတွင်း ဘဝရဲ့တန်ဖိုး အနက်အဓိပ္ပာယ်တွေကို ခံစားသိနိုင်စေမယ့် ဇာတ်ကားလေးဖြစ်တာမို့ ရှုစားလိုက်ကြည့်လိုက်ပါဦးနော်။ File Size : 3.36GB/ 1.59GB Quality : BluRay 1080p 5.1CH/ 720p Format : mp4 Duration : 2hr 42m Genre : Comedy, Life, Youth, Romance, Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း