Perfeitos Desconhecidos
Perfeitos Desconhecidos (2025) ++++++++++++++ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ Perfeitos Desconhecidos ( "ပြီးပြည့်စုံတဲ့ သူစိမ်းများ") ရုပ်ရှင်ကားက နာမည်ကြီး အီတလီရုပ်ရှင် "Perfect Strangers" ကို ဘရာဇီးလ်နိုင်ငံကနေ Remake ပြန်ရိုက်ထားတာဖြစ်ပြီး Drama နဲ့ Comedy ရောထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းက တော်တော်လေး ရိုးရှင်းပါတယ်။ သူငယ်ချင်း အရင်းအချာ ၇ ယောက်က တစ်ယောက်ရဲ့ အိမ်အသစ်မှာ အသားကင်စားရင်း လူစုကြတာပေါ့။ အစပိုင်းမှာတော့ အားလုံးက ပျော်ပျော်ပါးပါးပါပဲ။ ဒါပေမဲ့ စကားပြောရင်းနဲ့ "ငါတို့ကြားမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်မရှိဘူး" ဆိုတာကို သက်သေပြဖို့ ဂိမ်းတစ်ခု ဆော့ကြပါတယ်။ အဲဒီဂိမ်းကတော့ "စားပွဲပေါ်မှာ အားလုံးရဲ့ ဖုန်းတွေကို တင်ထားရမယ်၊ ညစာစားနေတဲ့အချိန်အတွင်း ဝင်လာသမျှ ဖုန်းခေါ်ဆိုမှုတွေကို Speaker ဖွင့်ပြောရမယ်၊ ဝင်လာသမျှ Message တွေ အကုန်လုံးကို အသံထွက်ဖတ်ပြရမယ်" ဆိုတဲ့ ဂိမ်းပါ။ အစမှာတော့ အပျော်သဘောနဲ့ စခဲ့ကြပေမယ့် ဖုန်းတွေထဲကို တစ်ခုပြီးတစ်ခု ဝင်လာတဲ့ Message တွေ၊ ဖုန်းတွေကနေတစ်ဆင့် သူတို့ရဲ့ ဖုံးကွယ်ထားတဲ့ အရှုပ်အထွေးတွေ၊ ဖောက်ပြန်မှုတွေနဲ့ အချင်းချင်းအပေါ် ထားတဲ့ မကောင်းမြင်စိတ်တွေ အကုန်လုံး ဘူးပေါ်သလို ပေါ်လာပါတော့တယ်။ ဒီနေ့ခေတ်မှာ ဖုန်းဆိုတာ လူတစ်ယောက်ရဲ့ "Black Box" လို ဖြစ်နေတာကို ဒီကားက ကောင်းကောင်းကြီး မီးမောင်းထိုးပြသွားပါတယ်။ အစပိုင်းမှာ ရယ်ရယ်မောမောနဲ့ သွားရာကနေ နောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေလို ဖြစ်သွားကြတဲ့ ဇာတ်ရှိန်က တော်တော်လေး ရင်ခုန်ဖို့ကောင်းပါတယ်။ မူရင်းကားရဲ့ အနှစ်သာရကို မပျက်စေဘဲ ၂၀၂၅ ခုနှစ်ရဲ့ ခေတ်စနစ်၊ ဆိုရှယ်မီဒီယာ အလေ့အထတွေနဲ့ ဆီလျော်အောင် ပြန်ပြင်ထားတာကို တွေ့ရပါတယ်။ ဒီကားက "ကိုယ်တကယ် သိတယ်လို့ ထင်နေတဲ့ လူတွေဟာ တကယ်ရော ကိုယ်သိတဲ့အတိုင်း ဟုတ်ရဲ့လား" ဆိုတာကို ပြန်တွေးစေမယ့် ကားမျိုးပါ။ မူရင်းကားကို ကြိုက်ခဲ့ရင် ဒါမှမဟုတ် လူသားတွေရဲ့ စိတ်နေစိတ်ထား အရှုပ်အထွေးတွေကို ကြည့်ချင်ရင်တော့ ဒီဘရာဇီးလ်ဗားရှင်းကလည်း ကြည့်သင့်တဲ့ ကားတစ်ကား ဖြစ်မှာပါ။ ဒီဇာတ်လမ်းထဲကလို ဂိမ်းမျိုးကို အပြင်မှာ တကယ်ဆော့ဖို့ဆိုတာ တော်တော်လေး သတ္တိရှိမှ ဖြစ်မှာနော်။ File Size… (1.74GB) / (770MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 31m Genre ….Comedy Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း