ဇာတ်ကားများ ရွေးရန်

Beauty and the Beat

2025ဇာတ်ကားအမှတ် 4.0/10125 မိနစ်

"တောင်တစ်တောင်မှာ ကျားနှစ်ကောင် မအောင်းနိုင်သလို... စင်မြင့်တစ်ခုတည်းမှာလည်း နတ်မိမယ်တွေ အပြိုင်ကြဲလို့ မရဘူး..." GDH ကနေအသစ်ထွက်လာတဲ့ အူတက်အောင်ရယ်ရမဲ့ Thai Comedy ကားကောင်းလေး ရောက်လာပါပြီဗျာ။ ဇာတ်လမ်းကတော့ ချစ်လှပါချည်ရဲ့ဆိုတဲ့ ရည်းစားဆီကနေ အလိမ်ခံလိုက်ရလို့ ဘဝအောက်ဆုံးထိုးကျသွားတဲ့ တစ်ချိန်က နာမည်ကြီး ဒီဗာအဆိုတော်ကြီး ပလိုင်ဖန်တစ်ယောက် ၇ နှစ်အကြာမှာ သူ့ရဲ့ "နတ်မိမယ်" နေရာကို ပြန်ယူဖို့ ကြိုးစားရာကနေ စထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Comeback ပွဲမှာ ခေတ်သစ် Gen-Z အိုင်ဒေါတွေ၊ ပြိုင်ဘက်တွေနဲ့ စင်မြင့်တစ်ခုတည်း အတူတူလုရတဲ့အခါ... မာနခဲမမတွေကြား ဘယ်လိုတွေ ဗရုတ်သုတ်ခ ငြင်းခုံပြီး ဘယ်သူက "အစစ်အမှန် နတ်မိမယ်" ဖြစ်သွားမလဲဆိုတာ ခွီရမှာပါ။ မင်းသမီးချော Jacqueline Muench၊ ပရိသတ်အချစ်တော် Pingpong နဲ့ Nunew Chawarin တို့ ပါဝင်ထားပြီး ရောင်စုံဖက်ရှင်အလန်းစားတွေ၊ T-Pop သီချင်းမိုက်မိုက်တွေနဲ့ ပေါ့ပေါ့ပါးပါး ရယ်ရမယ့် ဇာတ်ကားလေးမို့ အမောပြေ ပြေးကြည့်လိုက်ကြပါဦးစို့။

ဇာတ်လမ်းအကြောင်း