ဇာတ်ကားများ ရွေးရန်

Outcome

2026ဇာတ်ကားအမှတ် 10.0/1083 မိနစ်4K

Outcome (2026) ++++++++ ဒီကားလေးကတော့ Apple TV+ ကနေ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသစ်စက်စက် ထွက်ရှိထားတဲ့ Outcome ဆိုတဲ့ ရုပ်ရှင်ကားလေးပါပဲ။ ဟာသ၊ ဒရာမာနဲ့ မှုခင်းဆန်ဆန် ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပြီး ဟောလိဝုဒ် အနုပညာလောကရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို သရော်ထားတဲ့ ကားကောင်းတစ်ကားပါ။ ဒီကားကို ဒါရိုက်တာ Jonah Hill က ရိုက်ကူးထားတာဖြစ်ပြီး သူကိုယ်တိုင်လည်း ဇာတ်လမ်းထဲမှာ ဝင်ရောက်သရုပ်ဆောင်ထားပါတယ်။ မင်းသားကြီး Keanu Reeves က ခေါင်းဆောင်ပါဝင်ထားပြီး နာမည်ကြီး မင်းသမီး Cameron Diaz နဲ့ မင်းသား Matt Bomer တို့ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။ နောက်ထပ် အံ့ဩစရာကောင်းတဲ့ အချက်ကတော့ နာမည်ကျော် ဒါရိုက်တာကြီး Martin Scorsese ကိုယ်တိုင်လည်း ဒီကားမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်ထားတာပါပဲ။ ဇာတ်လမ်းအကျဉ်း +++++++++ ဇာတ်လမ်းလေးကတော့ Keanu Reeves သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ်က နာမည်ကြီး မင်းသားကြီး ရိဖ်ဟော့ခ် ရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ရိဖ်ဟော့ခ် ဟာ ဆေးဖြတ်ထားတာ ၅ နှစ်လောက်ရှိပြီဖြစ်ပြီး အနုပညာအလုပ်တွေကနေ ခဏနားကာ အေးအေးဆေးဆေး နေထိုင်နေတဲ့ အချိန်ပေါ့။တစ်နေ့မှာတော့ Jonah Hill သရုပ်ဆောင်ထားတဲ့ သူ့ရဲ့ အကျပ်အတည်းဖြေရှင်းရေး ရှေ့နေ အိုင်ရာစလစ်ဇ် ဆီကနေ ဖုန်းဝင်လာပါတယ်။ အကြောင်းကတော့ လူတစ်ယောက်က ရိဖ်ဟော့ခ် ရဲ့ ဂုဏ်သိက္ခာကျဆင်းစေမယ့် လျှို့ဝှက် ဗီဒီယိုတစ်ခုကို အသုံးပြုပြီး သူ့ကို ငွေညှစ်နေတယ် ဆိုတာပါပဲ။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ရိဖ်ဟော့ခ် ဟာ Cameron Diaz သရုပ်ဆောင်ထားတဲ့ ငယ်သူငယ်ချင်း ကိုင်လ် နဲ့ Matt Bomer သရုပ်ဆောင်ထားတဲ့ နောက်ထပ် သူငယ်ချင်း ဇန်ဒါ တို့နဲ့ တိုင်ပင်ရပါတော့တယ်။ ငွေညှစ်နေတဲ့သူ ဘယ်သူလဲဆိုတာ သိရအောင် ရိဖ်ဟော့ခ် တစ်ယောက် အတိတ်က သူပြစ်မှားခဲ့ဖူးတဲ့သူတွေ အားလုံးဆီကို လိုက်ပြီး တောင်းပန်ရတဲ့ ခရီးစဉ်ကို စတင်ပါတော့တယ်။ ဒီခရီးစဉ်မှာ Martin Scorsese သရုပ်ဆောင်ထားတဲ့ အေးဂျင့်ဟောင်း ရစ်ချီ စတဲ့ လူမျိုးစုံနဲ့ တွေ့ဆုံရပြီး ဟောလိဝုဒ်ရဲ့ အတုအယောင်ဘဝတွေ၊ ဆိုရှယ်မီဒီယာပေါ်က လူတွေရဲ့ အထင်အမြင်ကို ဂရုစိုက်လွန်းတဲ့ ခေတ်ကြီးရဲ့ ဆိုးကျိုးတွေကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးပြထားပါတယ် ။နာမည်ကြီး သရုပ်ဆောင်တွေ အများကြီးပါဝင်ထားသလို ဇာတ်လမ်းလေးကလည်း နည်းနည်းလေး ဆန်းသစ်တာမို့ အေးအေးဆေးဆေး အပန်းဖြေကြည့်ရှုဖို့အတွက် အတော်လေး အဆင်ပြေမယ့် ကားလေးတစ်ကား ဖြစ်ပါတယ်။ File Size… (5.45GB) / (1.54GB) / (625MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration…1h 23m Genre ….Comedy , Crime , Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း