ဇာတ်ကားများ ရွေးရန်

Z-O-M-B-I-E-S 3

2022ဇာတ်ကားအမှတ် 7.5/1088 မိနစ်

Zombies နဲ့ Zombies-2 တို့ရဲ့နောက်ဆက်တွဲဖြစ်တဲ့ ဒီဇာတ်ကားက လူတွေနဲ့ သဘာဝလွန်သတ္တဝါတွေ အတူနေထိုင်ကြတဲ့ မြို့လေးမှာ ဇာတ်လမ်းဆက်ထားပါတယ်။ Disney Plus က တင်ဆက်တဲ့ ဆယ်ကျော်သက်အချစ်၊ စိတ်ကူးယဉ်နဲ့ ဂီတဇာတ်ကားပါ။ အထက်တန်းကျောင်းသား ဇက်ဟာ ချစ်သူနဲ့အတူ တက္ကသိုလ်တက်နိုင်ဖို့ ကြိုးစားနေတယ်။ တက္ကသိုလ်ဝင်ခွင့်အတွက် သူ့ကို ရွေးချယ်မယ့်နေ့မှာပဲ ဂြိုလ်သားတွေ ရုတ်တရက် ရောက်လာကြပါတယ်။ ဇက်ရဲ့ချစ်သူကလည်း အားပေးအကအဖွဲ့ဝင်ဖြစ်ပြီး ပြိုင်ပွဲအတွက် အလုပ်ရှုပ်နေတယ်။ တစ်ဖက်မှာ ဂြိုလ်သားတွေက မြေပုံတစ်ခုကို အသည်းအသန် လိုက်ရှာနေကြတဲ့အခါ ဒီမြို့လေးမှာ ဘာတွေဖြစ်လာမလဲ။

ဇာတ်လမ်းအကြောင်း