ဇာတ်ကားများ ရွေးရန်

Single White Female

1992ဇာတ်ကားအမှတ် 6.3/10108 မိနစ်

ဒီဇာတ်ကားကတော့ စိတ်ဝေဒနာခံစားနေရသူနဲ့ သူငယ်ချင်းဖြစ်ခဲ့မိလို့ အသက်ပါပေးရလုနီးပါး ဖြစ်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း အယ်လီ ဟာ သူမရဲ့ရည်းစားနဲ့ လမ်းခွဲပြီးနောက် နယူးယောက်မြို့က တိုက်ခန်းမှာ အတူတူနေဖို့ အခန်းဖော်တစ်ယောက် ရှာဖွေခဲ့ပါတယ်။ ဒီလိုရှာဖွေရင်းနဲ့ပဲ ဟေဒီ နဲ့ ဆုံတွေ့ခဲ့ပြီး သူတိုနှစ်ယောက် ဟာ အရမ်းရင်းနှီးတဲ့ အခန်းဖော်ဖြစ်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ အရာအားလုံးဟာ အဆင်ပြေနေပုံရပေမဲ့ တဖြည်းဖြည်းနဲ့ ဟေဒီ ရဲ့ အပြုအမူတွေဟာ ထူးဆန်းလာပါတော့တယ်။ ဟေဒီဟာ အယ်လီ ရဲ့ အဝတ်အစားတွေ၊ ဆံပင်ပုံစံတွေနဲ့ အမူအရာတွေကို တုပလာရုံတင်မကဘဲ အယ်လီ ရဲ့ ဘဝတစ်ခုလုံးကိုပါ အပိုင်စီးဖို့ ကြိုးစားလာပါတယ်။ ဟေဒီ ဟာ သူ့ရဲ့ပုံမှန်မဟုတ်တော့တဲ့ စိတ်ဝေဒနာကြောင့် ပတ်ဝန်းကျင်ကလူတွေကိုပါ အန္တရာယ်ပြုဖို့ ကြံစည်ခဲ့ပါတယ်။ ယုံကြည်ရတဲ့ သူငယ်ချင်းဖြစ်သူရဲ့ လျှို့ဝှက်ချက်ကို သိလာတဲ့အခါမှာတော့ အယ်လီ တစ်ယောက် ဒီကြောက်မက်ဖွယ်ကောင်းတဲ့ အခန်းဖော်သူငယ်ချင်းလက်ထဲကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားမလဲ... ဘယ်လိုတွေကြံစည်မလဲ....ဘယ်လိုဒုက္ခတွေကို ကျော်ဖြတ်ရမလဲ.....ဆိုတာကိုတော့ ဆက်လက် ကြည့်လိုက်ရအောင်ပါ

ဇာတ်လမ်းအကြောင်း