ဇာတ်ကားများ ရွေးရန်

Noriko's Dinner Table

2005ဇာတ်ကားအမှတ် 7.0/10159 မိနစ်

Noriko's Dinner Table (2005) IMDb Rating (7.0) "ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းမသိတော့တဲ့အထိ အခြားလူတစ်ယောက်အဖြစ် ဟန်ဆောင်ရှင်သန်ရတာက ပိုလွယ်ကူနေမလား" ဒီတစ်ခါတော့ Psychological Horror ကိုမှ အသည်းခိုက်အောင် ကြိုက်တဲ့ ဘော်ဒါတို့အတွက် ဂျပန်ဒါရိုက်တာကြီး Sion Sono ရဲ့ ဂန္တဝင် Masterpiece လို့ ပြောလို့ရတဲ့ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကားဟောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးချော Yuriko Yoshitaka, Kazue Fukiishi နဲ့ Tsugumi တို့လို ဝါရင့်သရုပ်ဆောင်တွေ အဓိက ပါဝင်ထားတဲ့ ဒီကားလေးကတော့ လူတွေရဲ့ စိတ်ကူးယဉ်နဲ့ လက်တွေ့ဘဝကြားက မျဉ်းပါးလေးကို သွေးပျက်စရာကောင်းအောင် ရိုက်ပြထားတာပါ။ ဒီကားကို မညွှန်းခင် ရှေ့ကားဖြစ်တဲ့ "Suicide Club (2002)" ကို အရင် နည်းနည်းလေး ပြောပြချင်ပါတယ်။ မှတ်မိကြဦးမလားတော့ မသိဘူး... ကျောင်းသူ ၅၄ ယောက် အစုလိုက်အပြုံလိုက် သတ်သေသွားခဲ့တဲ့ ထိတ်လန့်စရာ ဇာတ်လမ်းလေ။ အခု ဒီ "Noriko's Dinner Table" က အဲဒီ "Suicide Club" ထဲက အမှောင်ဂိုဏ်း (shadowy cult) ကြီးနဲ့ ပတ်သက်နေတဲ့ Prequel ဇာတ်ကားဖြစ်ပြီး ရှေ့ကားရဲ့ အချိန်ကာလ အရှေ့၊ အလယ်၊ အနောက်တွေကို လွှမ်းခြုံပြသထားကာ မေးခွန်းထုတ်စရာတွေကို အဖြေရှာပေးမယ့် ကားပါပဲ။ ဇာတ်လမ်းအစမှာတော့ အသက် ၁၇ နှစ်အရွယ် နိုရီကိုဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးဟာ နယ်မြို့လေးက ငြီးငွေ့စရာ ဘဝကြီးနဲ့ ဖခင်ရဲ့ ချုပ်ချယ်မှုတွေကို မွန်းကြပ်ပြီး အွန်လိုင်းပေါ်က "Haikyo" လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်လေးတစ်ခုမှာ ထွက်ပေါက်ရှာရာကနေ စပါတယ်။ အင်တာနက်ပေါ်က သူငယ်ချင်းတွေရဲ့ စကားကိုနားယောင်ပြီး နိုရီကိုတစ်ယောက် အိမ်ကနေ ထွက်ပြေးပြီး တိုကျိုမြို့ကြီးကို ရောက်သွားတဲ့အခါ... သူတွေ့ခဲ့တာက ဝက်ဘ်ဆိုက်ကို ထိန်းချုပ်နေတဲ့ ကူမီကိုဆိုတဲ့ အမျိုးသမီးပါပဲ။ ကူမီကိုက သာမန်လူမဟုတ်ဘဲ လစ်ဟာနေတဲ့ မိသားစုတွေဆီမှာ "အငှားမိသားစုဝင်" အဖြစ် ဟန်ဆောင်ပြီး အလုပ်လုပ်ပေးရတဲ့ ထူးဆန်းတဲ့ ဂိုဏ်းကြီးတစ်ခုကို ဦးစီးနေသူပါ။ နိုရီကိုလည်း ကိုယ့်နာမည်ရင်းကိုစွန့်ပြီး ဒီအလုပ်တွေထဲ နစ်ဝင်သွားပါတယ်။ မကြာခင်မှာပဲ နိုရီကို့ရဲ့ ညီမဖြစ်သူ ယုက ကပါ အစ်မခြေရာနင်းပြီး အိမ်ကနေ ထပ်ထွက်ပြေးလာတဲ့အခါ… မိသားစုတစ်ခုလုံး ကွဲကွာသွားပြီးနောက် သမီးတွေကို ပြန်ရှာဖို့ ကြိုးစားတဲ့ ဖခင်ဖြစ်သူတစ်ယောက် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဂိုဏ်းကြီးနဲ့ "Suicide Club" ရဲ့ နောက်ကွယ်က အမှောင်ကျဆုံး ကွန်ရက်ကြီးကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ… ဒီကားက ရိုးရိုး Jump scare တွေနဲ့ ခြောက်တဲ့ သရဲကားမျိုး မဟုတ်ဘဲ ခေတ်သစ် မိသားစုတွေကြားက မျိုးဆက်ကွာဟမှု၊ လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံရမှု၊ ကိုယ်ပိုင်လက္ခဏာ ပျောက်ဆုံးမှုနဲ့ အင်တာနက်ရဲ့ အမှောင်ဘက်ခြမ်းကို Psychological Horror ပုံစံနဲ့ အတွေးတစ်ခုရအောင်ရိုက်ပြထားတာဖြစ်လို့ တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးဖြစ်မှာပါ။ File Size : 3.63GB/ 1.44GB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 2hr 40m Genre : Horror, Psychological, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း