ဇာတ်ကားများ ရွေးရန်

The First Time

2012ဇာတ်ကားအမှတ် 7.0/1095 မိနစ်

အထက်တန်းကျောင်းက စီနီယာကျောင်းသား ဒေးဗစ်နဲ့ ဂျူနီယာကျောင်းသူ အော်ဘရီတို့ဟာ ပါတီတစ်ခုမှာ ထူးထူးခြားခြား တွေ့ဆုံကြပါတယ်။ အဲဒီတွေ့ဆုံမှုကနေ ခံစားချက်တွေ ပေါ်လာပြီး အချိန်တိုအတွင်း နှစ်ယောက်ကြားမှာ သံယောဇဉ် တွယ်လာကြတယ်။ သူတို့ရဲ့အချစ်ဇာတ်လမ်းကို အတက်အကျကြီးတွေထက် ပေါ့ပေါ့ပါးပါးနဲ့ အေးအေးဆေးဆေး ပြထားတဲ့ ၂၀၁၂ ခုနှစ်ထွက် ဆယ်ကျော်သက် အချစ်ဟာသကားပါ။ ဒေးဗစ်အဖြစ် Dylan O'Brien နဲ့ အော်ဘရီအဖြစ် Britt Robertson တို့ ပါဝင်ထားပါတယ်။ Dylan O'Brien ကို The Maze Runner နဲ့ Teen Wolf တို့မှာ တွေ့ဖူးနိုင်သလို Britt Robertson ကလည်း The Longest Ride နဲ့ Tomorrowland တို့မှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ဖူးသူပါ။

ဇာတ်လမ်းအကြောင်း