ဇာတ်ကားများ ရွေးရန်

Balls Up

2026ဇာတ်ကား104 မိနစ်

Balls Up (2026) ဘရတ်နဲ့ အီလိုင်ဂျာတို့ဟာ မာကတ်တင်းကုမ္ပဏီတစ်ခုမှ အတူတွဲပြီး ကုန်ပစ္စည်းတွေကို ပရိုမိုးရှင်း ဆင်းရသူနှစ်‌‌ယောက်ပါ။ တစ်နေ့တော့ သူတို့ ပရိုမိုရှင်း ဆင်းရမဲ့ ပရောဒက်က Balls Up လို့ အမည်ရတဲ့ တမူထူးခြားတဲ့ ကွန်ဒုံးဖြစ်နေပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတော့ ဘရာဇီး-အာဂျင်တီးနား ကမ္ဘာ့ဖလားပွဲမှာ ဒီကွန်ဒုံး sponsorship ပေးနိုင်ဖို့ပါပဲ။ ပြဿနာက‌တော့ ဒီရည်မှန်းချက် အထမြောက်ပြီး ကလပ်မှာ အောင်ပွဲခံချိန် အရက်ဖြတ်ထားတဲ့ ကမ္ဘာ့ဖလားပွဲ စီစဉ်သူကို ဘရတ်နဲ့ အီလိုင်ဂျာက အရက်အတင်းတိုက်လိုက်လို့ အရှက်တကွဲအကျိုးနည်းတွေ ဖြစ်ကုန်ပြီး ဟိုလူရော သူတို့ပါ အလုပ်ပြုတ်သွားတာပါပဲ။ ပြဿနာက ပိုဆိုးချင်တော့ အလုပ်မပြုတ်ခင်က ကမ္ဘာ့ဖလားပွဲစီစဉ်သူက ဘရတ်နဲ့ အီလိုင်ဂျာကို ပွဲလာကြည့်ဖို့ vip လက်မှတ်တွေ ပေးထားခဲ့တာပါပဲ။ ဒါကို မသိတတ်တဲ့ ဟိုနှစ်ယောက်ကလည်း မျက်နှာပြောင်ပြောင်နဲ့ ဘောပွဲသွားကြည့်ရုံတင်မက ဘောပွဲပျက်အောင်ပါလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကွန်ဒုံးက စလိုက်တဲ့ ပြဿနာက ဘောပွဲထိပါ တက်ကြီးပြီး တစ်ကမ္ဘာလုံးနီးပါးရဲ့ အမုန်းခံချဉ်ဖတ်နှစ်ကောင်ဘဝကို ရောက်ပြီး ဂယက်ပေါင်း သောင်းခြောက်ထောင် ထပါတော့တယ်။ ကွန်ဒုံးတစ်ခုကြောင့် ရွာတင်မက ကမ္ဘာပါလည်တာ မမြင်ဖူးရင်တော့ ဒီကားသာ ကြည့်လိုက်ကြပါနော်။ File size… (2.1 GB) / (1.2 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Comedy Duration…. 01:46:56 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း