ဇာတ်ကားများ ရွေးရန်

Agape: The Unconditional Love

2025ဇာတ်ကားအမှတ် 8.5/10105 မိနစ်

Agape: The Unconditional Love (2025) ဇာတ်လမ်းအကျဉ်း ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ အင်ဒိုနီးရှားရုပ်ရှင် Agape: The Unconditional Love ကားက နာမည်အတိုင်းပဲ "Agape" ဆိုတဲ့ အနှိုင်းမဲ့မေတ္တာ၊ အနစ်နာခံတဲ့ ချစ်ခြင်းတရားတွေအကြောင်းကို ရိုက်ကူးထားတဲ့ မျက်ရည်ချူကား (Tearjerker) လေးပါ။ ဒီဇာတ်လမ်းက ဆေးရုံတစ်ခုထဲမှာ ဆုံတွေ့ကြတဲ့ လူလေးစုရဲ့ ဘဝအခြေအနေတွေကို "Multi-plot" ပုံစံနဲ့ ယှက်နွယ်ပြီး တင်ပြထားတာပါ။ Kira က သွေးကင်ဆာ (Leukemia) ခံစားနေရတဲ့ ကလေးမလေးပါ။ သူ့အမေ Sania ကတော့ သမီးရဲ့ ဆေးကုသစရိတ်အတွက် မနက်ပိုင်းမှာ ဆိုင်ကယ်တက္ကစီ မောင်း၊ ညပိုင်းမှာ ကာရာအိုကေမှာ အလုပ်လုပ်ရင်း အစွမ်းကုန် ကြိုးစားနေသူပါ။ Gigi က မွေးရာပါ နှလုံးရောဂါရှင်ပါ။ သူ့မောင်လေး Gino ကတော့ အဆိုတော်ဖြစ်ချင်တဲ့ သူ့ အိပ်မက်တွေကို စွန့်လွှတ်ပြီး အစ်မကို ပြုစုစောင့်ရှောက်ပေးနေတဲ့ Caregiver တစ်ယောက်ပေါ့။ ကဖေးဆိုင်ပိုင်ရှင် Daffa က ကျောက်ကပ်ရောဂါ ပြင်းထန်စွာ ခံစားနေရပြီး သူ့သူငယ်ချင်းအရင်းခေါက်ခပ် Bimo က ဘေးနားကနေ အားပေးကူညီပေးနေပါတယ်။ ဆီးချိုရောဂါကြောင့် စိတ်ဓာတ်ကျပြီး လူအများအပေါ် ရိုင်းစိုင်းခတ်ထန်နေတဲ့ Joshua ကို သူ့ဇနီး Martha က သည်းခံပြီး မေတ္တာမပျက် ပြုစုပေးပုံကို တွေ့ရမှာပါ။ ဒီလိုမတူညီတဲ့ ဘဝတွေက ဆေးရုံမှာ ဆုံကြရင်းနဲ့ ရောဂါဝေဒနာတွေကြားထဲမှာ "မျှော်လင့်ချက်" နဲ့ "ချစ်ခြင်းတရား" က ဘယ်လောက်အရေးကြီးလဲဆိုတာကို ဒီကားက ဖော်ပြသွားပါတယ်။ လူနာတွေထက်စာရင် သူတို့ကို ပြုစုစောင့်ရှောက်ရတဲ့ မိသားစုဝင်တွေရဲ့ ပင်ပန်းဆင်းရဲမှုနဲ့ အနစ်နာခံမှုကို ပိုပြီး မီးမောင်းထိုးပြထားတာက တော်တော်လေး ထိမိပါတယ်။ အင်ဒိုနီးရှားရဲ့ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Maudy Koesnaedi နဲ့ Meriam Bellina တို့ ပါဝင်ထားတာကြောင့် သရုပ်ဆောင်ပိုင်းကတော့ စိတ်ချရပါတယ်။ "Agape" ဆိုတာ ဂရိဘာသာစကားမှာ ဘာကိုမှ ပြန်မမျှော်လင့်ဘဲ ပေးဆပ်တဲ့ အမြင့်မြတ်ဆုံး ချစ်ခြင်းတရားကို ဆိုလိုတာဖြစ်လို့ ဇာတ်လမ်းနဲ့ လုံးဝကို လိုက်ဖက်ပါတယ်။ File Size - 1 GB/ 479 MB Quality - NF WEB-DL 1080p/ 720p Duration - 1h 47m Format - mp4 Genre - Drama, Romance Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း