ဇာတ်ကားများ ရွေးရန်

Mertua Ngeri Kali

2025ဇာတ်ကားအမှတ် 5.7/10107 မိနစ်

Mertua Ngeri Kali (2025) ဇာတ်လမ်းအကျဉ်း အင်ဒိုနီးရှားရုပ်ရှင်လောကမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းကမှ ထွက်ရှိထားတဲ့ Mertua Ngeri Kali (အဓိပ္ပာယ်ကတော့ "ယောက္ခမကြီးက ကြောက်စရာကြီး") ဆိုတဲ့ ဇာတ်ကားက မိသားစု Comedy Drama အမျိုးအစားဖြစ်ပြီး လူမှုကွန်ရက်မှာ နာမည်ကြီးတဲ့ Bunda Corla ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာကြောင့် အတော်လေး လူကြိုက်များခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Andara (Naysilla Mirdad) ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာမလေးနဲ့ သူ့ယောက္ခမဖြစ်သူ Mak Donda (Bunda Corla) တို့ကြားက အားပြိုင်မှုကို အဓိကထားရိုက်ကူးထားတာပါ။ Andara က သူ့ခင်ပွန်း Raja (Dimas Anggara) နဲ့ လက်ထပ်ပြီးတဲ့နောက် ယောက္ခမကြီးနဲ့ အိမ်တစ်အိမ်ထဲမှာ အတူတူနေရပါတယ်။ ပြဿနာက ယောက္ခမဖြစ်သူ Mak Donda က သားအပေါ်မှာ အရမ်းကို ဩဇာလွှမ်းမိုးချင်တဲ့အပြင် အသုံးအဖြုန်းလည်း ကြီးပြီး လူမှုရေးမျက်နှာပွင့်ဖို့ပဲ ဂရုစိုက်တဲ့ Socialite တစ်ယောက် ဖြစ်နေတာပါ။ အိမ်မှုကိစ္စကအစ၊ ကလေးထိန်းတာအထိ ဝင်ရောက်စွက်ဖက်ပြီး အမြဲတမ်း အော်ဟစ်ဆူပူတတ်တဲ့ ယောက္ခမကြီးကြောင့် Andara တစ်ယောက် စိတ်ဆင်းရဲရပါတော့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အဖြစ်အပျက်တစ်ခုကြောင့် သူတို့နှစ်ယောက်ဟာ မာနတွေကို ဘေးဖယ်ပြီး မြေးလေးအတွက် ဘယ်လိုမျိုး ပြန်လည်သင့်မြတ်အောင် ကြိုးစားကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုရမှာပါ။ သူ့ပုံစံအတိုင်း အော်ဟစ်ဆူပူနေပေမယ့် ချစ်ဖို့ကောင်းတဲ့ ယောက္ခမ နေရာကနေ ပရိသတ်တွေကို အစအဆုံး ရယ်မောအောင် လုပ်နိုင်ပါတယ်။ ယောက္ခမနဲ့ ချွေးမကြားက အားပြိုင်မှု၊ ခင်ပွန်းဖြစ်သူက ကြားညပ်နေတဲ့ အခြေအနေတွေကို လက်တွေ့ဘဝနဲ့ ထပ်တူကျအောင် ပုံဖော်ထားပါတယ်။ နာမည်ကြီး မင်းသမီး Naysilla Mirdad ရဲ့ အေးဆေးတဲ့ သရုပ်ဆောင်မှုနဲ့ Bunda Corla ရဲ့ ပေါက်ကွဲအားပြင်းတဲ့ သရုပ်ဆောင်မှုတွေက တော်တော်လေး လိုက်ဖက်ပါတယ်။ ဒီကားက မိသားစုနဲ့အတူတူ ကြည့်ရင် တဟားဟားနဲ့ ရယ်ရမယ့်ကားမျိုးပါ။ အထူးသဖြင့် အင်ဒိုနီးရှား Comedy ဇာတ်လမ်းတွေ ကြိုက်တတ်တဲ့သူဆိုရင်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ File Size - 2 GB/ 740 MB Quality - NF WEB-DL 1080p/ 720p Duration - 1h 47m Format - mp4 Genre - Comedy, Drama Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း