ဇာတ်ကားများ ရွေးရန်

No Way Back (aka) Aux jours qui viennent

2025ဇာတ်ကားအမှတ် 7.1/10100 မိနစ်

No Way Back (2025) IMDb Rating (5.7) ဇာတ်လမ်းကတော့ Laura ဆိုတဲ့ အမျိုးသမီးလေးအကြောင်းပါ။ သူမဟာ သူမရဲ့ ရည်းစားဟောင်း Joachim နဲ့ ခက်ခဲကြမ်းတမ်းတဲ့ ပတ်သက်မှုတွေကို အဆုံးသတ်ပြီးနောက်မှာ သမီးလေးတစ်ယောက်နဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ရင်း ဘဝကို အသစ်ကနေ ပြန်လည်တည်ဆောက်နေသူပါ။ အရာအားလုံး အဆင်ပြေနေပြီလို ထင်ရတဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့ သတင်းတစ်ခုက သူမရဲ့ ဘဝကို လှုပ်ခတ်သွားစေပါတယ်။ အဲဒါကတော့ Joachim ရဲ့ ချစ်သူအသစ် Shirine မတော်တဆမှု တစ်ခုဖြစ်သွားတာပါပဲ။ ဒီဖြစ်ရပ်ကြောင့် Laura ဟာ သူမ မေ့ဖျောက်ထားချင်တဲ့ အတိတ်က အကြောင်းအရာတွေ၊ နာကျင်မှုတွေနဲ့ ပြန်လည်ရင်ဆိုင်ရပါတော့တယ်။ ဇာတ်လမ်းက Laura တစ်ယောက် သူမရဲ့ အတိတ်ကို ဘယ်လိုရင်ဆိုင်ပြီး အနာဂတ်အတွက် ဘယ်လို ရှေ့ဆက်မလဲဆိုတာကို လေးလေးနက်နက် ရိုက်ကူးထားပါတယ်။ ပြင်သစ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း စကားလုံးတွေထက် အမူအရာနဲ့ ပတ်ဝန်းကျင် အငွေ့အသက်တွေကတစ်ဆင့် ဇာတ်လမ်းကို ဖော်ပြသွားတဲ့ ရိုက်ပြထားတဲ့ Psychological Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size… (1.6 GB) / (980 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:36:26 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း