ဇာတ်ကားများ ရွေးရန်

How Dare You?

2025ဇာတ်ကားအမှတ် 2.5/1096 မိနစ်

How Dare You? (2025) ဒီဂျပန်ဇာတ်ကားလေးကတော့ ဒါရိုက်တာ O Mipo က ပုံဖော်ရိုက်ကူးထားပြီး Shimada Tetta ၊ Ruri ၊ Mimoto Yota ၊ Aoi Yu နဲ့ Kazama Shunsuke တို့ အဓိက ပါဝင်ထားကြပါတယ်။ လေးတန်းကျောင်းသူ ကျောင်းသား ၃ ယောက် စုပေါင်းပြီး သူတို့အမြင်လေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုကို လုပ်ကြရာက ဘယ်လိုတွေ တလွဲတချော် ဖြစ်ကုန်မလဲဆိုတာကို အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ ကလေးလေးတွေရဲ့ သရုပ်ဖော်နိုင်စွမ်းနဲ့ ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ယုအိရှိက မူလတန်းကျောင်းလေးက လေးတန်းကျာင်းသားလေးပါ။ သူနဲ့ သူ့သူငယ်ချင်းတွက ဇီဝဗေဒကို အရမ်းစိတ်ဝင်စားပြီး အားတဲ့အချိန်အတိုင်း အကောင်လေးတွေအကြောင်း ပိုမိုသိရဖို့ ကြိုးပမ်းနေကြပါတယ်။ အတန်းမှာ ဆရာက မိမိနေ့စဉ်ဘဝနဲ့သက်ဆိုင်တဲ့ စာစီစာကုံးကို ရေးသားပြီး သူငယ်ချင်းများကို ဖတ်ပြ ဝေမျှခိုင်းခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ယုအိရှိဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အရမ်းလှုံ့ဆော်ချင်သူ မီယာကဲကို လေးစားအားကျရင်း စိတ်ဝင်စားသွားခဲ့ပါတယ်။ မီယာကဲ လုပ်သမျှကို သူပါ လိုက်လုပ်ပြီး မီယာကဲနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ ကြိုးစားပါတော့တယ်။ သူတို့နှစ်ယောက် ရင်းနှီးလာကြချိန်မှာတော့ အတန်းထဲမှာ ပြဿနာအမြဲရှာနေတတ်သူ ဟာရူတိုက မီယာကဲကို ချဉ်းကပ်နိုင်ဖို့ ယုအိရှိကို အကူအညီတောင်းလာခဲ့ပါတယ်။ ယုအိရှိနဲ့ ဟာရူတိုတို့ဟာ မီယာကဲ လုပ်ချင်နေတာကို လုပ်ပေးနိုင်ဖို့ ကြိုးစားရင်းက လူထုကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်ဖို့ စတင်ခဲ့ကြပါတော့တယ်။ လေးတန်းအရွယ်ကျောင်းသူကျောင်းသားလေးတွေရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုက ဘယ်လိုအခြေအနေဆိုက်ရောက်သွားမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ရှုစားလိုက်ကြရအောင်နော်။ File Size - 1.8 GB/ 806 MB Quality - WEB-DL 1080p/ 720p Duration -1h 37m Format - mp4 Genre - Comedy, Drama Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း