ဇာတ်ကားများ ရွေးရန်

Nemurubaka: Hypnic Jerks

2025ဇာတ်ကားအမှတ် 7.9/10106 မိနစ်

Nemurubaka: Hypnic Jerks (2025) "ဘဝမှာ ရည်မှန်းချက်ကြီးတစ်ခုရှိပြီး ကြိုးစားနေတာက ပိုကောင်းလား... ဒါမှမဟုတ် ဘာမှမတွေးဘဲ ဒီအတိုင်းလေး မျောလွင့်နေတာက ပိုအေးချမ်းမလား..." Manga ချစ်သူတွေကြားမှာ နာမည်ကြီးတဲ့ Masakazu Ishiguro ရဲ့ မူရင်းဝတ္ထုကို Live-Action အနေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ "Nemurubaka" ဆိုတဲ့ ဂျပန် လူငယ်ဟာသ ဒရာမာ ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ။ ဒီကားလေးမှာတော့ အားလုံးရဲ့အချစ်တော် Nogizaka46 အဖွဲ့ဝင် Shiori Kubo နဲ့ မင်းသမီးချောလေး Yûna Taira တို့က အဓိက ဇာတ်ဆောင်တွေအနေနဲ့ ပါဝင်အားဖြည့်ထားပါတယ်။ ဒါ့အပြင် Baby Assassins ကားတွေနဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာ Yugo Sakamoto က ရိုက်ကူးထားတာဆိုတော့ ကွာလတီကတော့ special လေးပေါ့ဗျာ။ ဇာတ်လမ်းလေးကတော့ တက္ကသိုလ်ကျောင်းဆောင်တစ်ခုမှာ အတူနေကြတဲ့ ကောင်မလေးနှစ်ယောက်အကြောင်းကို ပေါ့ပေါ့ပါးပါးလေး ရိုက်ပြထားတာပါ။ ယူမီဆိုတာက ဘဝမှာ ဘာရည်မှန်းချက်မှ ရေရေရာရာမရှိဘဲ စာအုပ်ဟောင်းနဲ့ DVD ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ရင်း ဟိုယောင်ယောင် ဒီယောင်ယောင် ဖြတ်သန်းနေတဲ့ ကောင်မလေးပေါ့။ သူနဲ့ တစ်ခန်းတည်းအတူနေတဲ့ စီနီယာ လုကာကတော့ သူ့နဲ့ ပြောင်းပြန်ပါပဲ။ လုကာက Peat Moss ဆိုတဲ့ အင်ဒီတီးဝိုင်းတစ်ခုမှာ ပါဝင်ပြီး ဂီတပညာရှင်တစ်ယောက်ဖြစ်လာဖို့ အိပ်မက်တွေနောက်ကို အရူးအမူး လိုက်နေတဲ့သူပါ။ ဒီလိုနဲ့ တောင်နဲ့မြောက်လို ပြောင်းပြန်စရိုက်ရှိတဲ့ သူတို့နှစ်ယောက်ရဲ့ သာမန်နေ့ရက်လေးတွေထဲကို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခု ဝင်လာတော့ လုကာတစ်ယောက် သူ့ရဲ့အိပ်မက်တွေကို တကယ်ပဲ အကောင်အထည်ဖော်နိုင်မလား... ရည်မှန်းချက်မရှိတဲ့ ယူမီကရော သူ့စီနီယာရဲ့ ပြောင်းလဲမှုတွေကြားမှာ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ… လူငယ်တွေရဲ့ အိပ်မက်၊ ရည်မှန်းချက်၊ ခင်မင်သံယောဇဉ်နဲ့ ဘဝရဲ့ အချိုးအကွေ့တွေကို ဟာသလေးနှောပြီး Slice of Life ပုံစံလေး သဘာဝကျကျ ရိုက်ပြထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ Feel Good Vibe လေး ရချင်တဲ့ ဘော်ဒါတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း ညွှန်းပေးလိုက်ပါရတယ်။ File size…1.73GB / 836MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 46 min. Genre ….. Music, Comedy, Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း