City Slickers
၁၉၉၁ ခုနှစ်က ထွက်ခဲ့တဲ့ City Slickers ဆိုတာ အခုခေတ်လို "Mid-life crisis" ဖြစ်ပြီး စိတ်ညစ်နေတဲ့သူတွေအတွက်တော့ ကြည့်ကောင်းတဲ့ Comedy ကားတစ်ကားပါပဲ ဒီကားက တကယ့်ကို "ဘဝနေဝင်ချိန် မရောက်ခင် ဘာလုပ်ကြမလဲ" ဆိုတဲ့ မေးခွန်းကို နွားချေးနံ့လေးနဲ့ ဖြေထားတဲ့ကားပါ "မစ်ချ်" (Billy Crystal) နဲ့ သူ့သူငယ်ချင်းနှစ်ယောက်ဟာ အသက် ၃၉ နှစ်ပြည့်တော့မယ့် "လူလတ်ပိုင်း အကြပ်အတည်း" (Mid-life crisis) ကို ခံစားနေရသူတွေပါ။ အလုပ်မှာလည်း ပျင်းစရာ အိမ်မှာလည်း ငြီးငွေ့စရာ ဖြစ်နေချိန်မှာ သူတို့ သုံးယောက်သား အဆန်းထွင်ပြီး နယူးမက္ကဆီကို ကနေ ကော်လိုရာဒို အထိ နွားအုပ်လိုက်မောင်းတဲ့ "နွားကျောင်းသား အားလပ်ရက်" ဆိုပြီး သွားလုပ်ကြပါတယ် ဒီကားထဲမှာ နာမည်ကြီးခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ် "ကာလီ" က "မစ်ချ်"ကို လက်ညှိးတစ်ချောင်း ထောင်ပြပြီး ပြောခဲ့တာက "ဘဝမှာအရေးကြီးဆုံးကတစ်ချက်ပဲရှိတယ် အဲ့တာကို မင်းကိုယ်တိုင်ရှာရမယ်"ဆိုတာပါပဲ "မစ်ချ်" က အဲဒီ "တစ်ချက်" က ဘာလဲဆိုတာကို ဇာတ်လမ်းအဆုံးထိ လိုက်ရှာနေရတာပါပဲ "ကာလီ" ကဒီကားနဲ့ပဲ အော်စကာ ရခဲ့တာပါ City Slickers ဟာ တစ်ကားလုံးခွီရုံတင်မကဘဲ စိတ်ကိုပါ နွေးထွေးစေတဲ့ ကားပါ အထူးသဖြင့်- • အသက်ကြီးလာတာကို ကြောက်နေတဲ့သူတွေ... • အလုပ်မှာ အရမ်း Stress များနေတဲ့သူတွေ... • နွားကလေး တစ်ကောင်နဲ့ လူတစ်ယောက်ရဲ့ သံယောဇဉ်ကို မြင်ချင်သူတွေ... ဒီကားကို ကြည့်ပြီးရင် ပရိသတ်ကြီးကိုယ်တိုင် "ငါရော နွားသွားကျောင်းရင် ကောင်းမလား" လို့တောင်တွေးမိကောင်းတွေးမိသွားနိုင်တာမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဦးနော်......
ဇာတ်လမ်းအကြောင်း