ဇာတ်ကားများ ရွေးရန်

City Slickers II: The Legend of Curly's Gold

1994ဇာတ်ကားအမှတ် 5.3/10116 မိနစ်

ဒီဇာတ်ကားကိုဒါရိုက်တာ "Paul Weiland "က ရိုက်ကူးထားတာပါ "Paul Weiland"က ဟာသအမျိုးအစားဇာတ်ကားတွေမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ဒီကားထဲမှာလည်း ဟာသနဲ့ စွန့်စားခန်းကို ပေါင်းစပ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးထားပါတယ် မိသားစုဘဝနဲ့ အလုပ်ဖိအားတွေကြားမှာ မပျော်ရွှင်တော့တဲ့ "မစ်ချ်" ဟာ သူ့ဘဝကိုပြန်လည်ရှာဖွေဖို့ အနောက်တိုင်းခရီးတစ်ခါထပ်မံစတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒီတစ်ကြိမ်မှာတော့ သူ့ကို ခေါ်ဆောင်သွားတာဟာ စိတ်လှုပ်ရှားစရာ သာမက အန္တရာယ်များတဲ့ “ကာလီရဲ့ရွှေဘဏ္ဍာ” ကိုရှာ​ဖွေဖို့ စွန့်စားခန်းတစ်ခုပဲ ဖြစ်ပါတယ် "ကာလီ" ရဲ့ အမွေတစ်ခုလိုဖြစ်နေတဲ့ မြေပုံတစ်ခုက "မစ်ချ်" နဲ့ သူ့သူငယ်ချင်းတွေကို သဲကန္တာရအလယ်ပိုင်းထဲ ခေါ်သွားပြီး အတိတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီခရီးဟာ ရိုးရိုး adventure မဟုတ်ဘဲ သူတို့ရဲ့ ချစ်ကြည်ရေး သတ္တိနဲ့ ဘဝအဓိပ္ပါယ်ကို စမ်းသပ်မယ့် စမ်းသပ်မှုတစ်ခုဖြစ်လာမှန်းမသိဖြစ်လာပါတော့တယ်။ ဟာသ စိတ်လှုပ်ရှားမှုနဲ့ စိတ်ထိခိုက်စေမယ့် မိသားစုတန်ဖိုးတွေ ပေါင်းစပ်ထားတဲ့ ဒီဇာတ်ကားဟာ “ရွှေရှာဖွေခြင်း” ထက်ပိုပြီး “ကိုယ့်ကိုကိုယ်ရှာဖွေခြင်း” အကြောင်းကို စိတ်ဝင်စားအောင်ရိုက်ပြထားတာမို့ လက်မလွှတ်သင့်တဲ့ကားလေးတစ်ကားပါပဲ။

ဇာတ်လမ်းအကြောင်း