ဇာတ်ကားများ ရွေးရန်

Gen-X Cops

1999ဇာတ်ကားအမှတ် 5.3/10114 မိနစ်

ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ မြို့တွင်းက နာမည်ကြီး လူမိုက်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် စည်းကမ်းမလိုက်နာဘဲ ပြဿနာရှာတတ်တဲ့ ရဲသင်တန်းသား လူငယ် ၃ ဦးဖြစ်တဲ့ ဂျက်ခ်၊ မက်ခ်ျ နဲ့ အာလီ တို့ကို ရွေးချယ်ပြီး လျှို့ဝှက်အေးဂျင့် အဖြစ် တာဝန်ပေးလိုက်ပါတယ်။ သူတို့ရဲ့ တာဝန်ကတော့ အန္တရာယ်များလှတဲ့ လက်နက်မှောင်ခိုဂိုဏ်းထဲကို ထိုးဖောက်ဝင်ရောက်ဖို့ပါပဲ။ ဒီလူငယ် ၃ ဦးဟာ ဂိုဏ်းထဲကို ရောက်သွားတဲ့အခါမှာတော့ ဂျပန်လူမိုက်တွေနဲ့ ပတ်သက်နေတဲ့ ကြီးမားတဲ့ အကြံအစည်ကြီးတစ်ခုကို သိရှိသွားပါတော့တယ်။ အတွေ့အကြုံမရှိသေးတဲ့ ဒီရဲလူငယ်တွေဟာ ရဲတပ်ဖွဲရဲ့ အကူအညီမပါဘဲ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ရန်သူတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ?အန္တရာယ်ကြားမှာ သူတို့ ၃ ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်ကရော ဘယ်လောက်အထိ ခိုင်မြဲမလဲ? ဟောင်ကောင်မြိုကြီးကို အကြီးအကျယ် ပျက်စီးစေမယ့် အကြံအစည်ဆိုးကြီးကိုရော တားဆီးနိုင်ပါ့မလား? ဆိုတာကိုတော့ အခုပဲ ကြည့်လိုက်ရအောင်ပါ

ဇာတ်လမ်းအကြောင်း