ဇာတ်ကားများ ရွေးရန်

The Serpent's Skin

2026ဇာတ်ကားအမှတ် 5.9/1083 မိနစ်

The Serpent's Skin (2026) +++++++++++ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ The Serpent's Skin(မြွေအရေခွံ) ရုပ်ရှင်ကားက YA (Young Adult) Horror Fantasy အမျိုးအစားဖြစ်ပြီး ခေတ်ဟောင်း Horror ကားတွေရဲ့ အငွေ့အသက် (Retro Aesthetics) ပါတာကြောင့် တော်တော်လေး ဆွဲဆောင်မှုရှိပါတယ်။ ဇာတ်လမ်းက Anna ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ။ သူက သူ့အပေါ် အမြင်မကြည်လင်ကြတဲ့ မြို့လေးကနေ ထွက်ခွာလာပြီး မြို့ပြမှာရှိတဲ့ သူ့အစ်မဆီမှာ လာနေပါတယ်။ ဒါပေမဲ့ Anna က သာမန်လူမဟုတ်ပါဘူး။ သူ့မှာ သူကိုယ်တိုင်တောင် သေချာနားမလည်သေးတဲ့ ထူးခြားဆန်းပြားတဲ့ "စိတ်တန်ခိုး" (Psychic Powers) တွေ ရှိနေပါတယ်။ မြို့ပြကို ရောက်တဲ့အခါမှာတော့ သူ့လိုပဲ တန်ခိုးစွမ်းအားရှိတဲ့ Gen ဆိုတဲ့ တက်တူးဆရာမလေးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ Gen က Anna ကို သူ့ရဲ့ စွမ်းအားတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ကြားပေးရင်းနဲ့ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ စတင်လာပါတော့တယ်။ ဒါပေမဲ့ ပြဿနာက Gen ရဲ့ တက်တူးကနေစတာပါ။ Gen က Danny ဆိုတဲ့ ဂစ်တာသမားလေးရဲ့ လည်ပင်းမှာ "မြွေဟောက်" (Ouroboros) ပုံစံ တက်တူးထိုးပေးလိုက်တဲ့ အခါမှာတော့ မမျှော်လင့်ဘဲ မိစ္ဆာတစ်ကောင်ကို ဆင့်ခေါ်လိုက်သလို ဖြစ်သွားပါတယ်။ Danny ဟာ မိစ္ဆာဝင်ပူးသလို ဖြစ်သွားပြီး သူတို့ရဲ့ သူငယ်ချင်းတွေကို တစ်ယောက်ပြီးတစ်ယောက် ရန်မူလာတဲ့အခါမှာတော့ Anna နဲ့ Gen တို့က သူတို့ရဲ့ စွမ်းအားတွေကိုသုံးပြီး ဒီဘေးအန္တရာယ်ကနေ ဘယ်လိုကယ်တင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ ဒီကားက နာမည်ကြီး စုန်းမကား "The Craft" ကို ခေတ်သစ်ပုံစံနဲ့ ပြန်မြင်ရသလိုမျိုး ခံစားရစေပါတယ်။ ဇာတ်လမ်းမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့ ဇာတ်ကောင်တွေက LGBTQ+ (အထူးသဖြင့် Transgender) အသိုင်းအဝိုင်းကို ကိုယ်စားပြုထားတာကြောင့် အမြင်သစ်တစ်ခုနဲ့ ရိုက်ကူးထားတဲ့ Horror ကားလို့ ပြောလို့ရပါတယ်။ ဇာတ်ကားတစ်ကားလုံးရဲ့ အရောင်အသွေးနဲ့ အပြင်အဆင်တွေက ၈၀၊ ၉၀ ခုနှစ်တွေက Horror စာအုပ်တွေ၊ ကားတွေလိုမျိုး ခံစားချက်ပေးပါတယ်။ ဒါရိုက်တာ Alice Maio Mackay က အရမ်းငယ်သေးတဲ့ ဒါရိုက်တာဖြစ်ပြီး Horror ကားတွေကို တောက်လျှောက်ရိုက်နေသူပါ။ ဒီကားက "မိမိကိုယ်ကိုယ် ရှာဖွေခြင်း" နဲ့ "ကိုယ်ရရှိထားတဲ့ အစွမ်းအစကို တာဝန်ယူမှုရှိရှိ ဘယ်လိုသုံးမလဲ" ဆိုတဲ့ မက်ဆေ့ခ်ျကို Horror ပုံစံနဲ့ ပေးသွားတာပါ။ File Size… (1.63GB) / (715MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 41m Genre ….Horror Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း