Chez Nous
Chez Nous ဆိုတဲ့ ဘားလေးတစ်ခုမှာ အသက်အရွယ်၊ အလုပ်အကိုင်၊ ကျားမဖြစ်တည်မှုနဲ့ ချစ်ခင်စုံမက်မှု မတူကြတဲ့ လူခြောက်ယောက် ဆုံစည်းနေကြပါတယ်။ သူတို့အတွက် ဒီဘားဟာ အပေါင်းအသင်းတွေ တွေ့ဆုံရာနေရာတင်မကဘဲ အိမ်တစ်အိမ်လို ဖြစ်နေတဲ့နေရာပါ။ တစ်နေ့မှာတော့ သူတို့ခြောက်ယောက်ထဲက ဘားပိုင်ရှင် အက်ဂျယ် ကျန်းမာရေးမကောင်းလို့ ဆေးရုံတင်လိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဘားကလည်း ဒေဝါလီခံရတော့မယ်ဆိုတာ ကျန်တဲ့ငါးယောက် သိသွားကြပါတယ်။ ဆိုင်ကို ပြန်ဝယ်ဖို့ ငွေမရှိကြတော့ သူတို့အတွက် အိမ်လိုဖြစ်နေတဲ့ ဘားလေးကို ကယ်ဖို့ ပြတိုက်ထဲက စိန်လည်ဆွဲကို ခိုးယူဖို့ ကြံစည်ကြပါတော့တယ်။ ဒီခိုးမှုအစီအစဉ်ကို ဟာသတွေနဲ့ ဆက်ပြထားပြီး အက်ဂျယ်ကလွဲလို့ ကျန်ငါးယောက်ကလည်း ကိုယ်စီအတွဲတွေ ရှိကြသူတွေပါ။ ဇာတ်ဝင်ခန်းတချို့ကို အမ်စတာဒမ်မြို့ရဲ့ Gay Pride ပွဲတော်ဖြစ်တဲ့ ၂၀၁၂ Canal Parade အတွင်း ရိုက်ကူးထားတာကြောင့် ပွဲတော်ကျင်းပနေပုံတွေကိုလည်း တွေ့ရပါတယ်။
ဇာတ်လမ်းအကြောင်း