¡Three Amigos!
ဒီဇာတ်လမ်းထဲမှာတော့ လပ်ကီ၊ ဒါစတီး နဲ့ နက်ဒ် တို့ဟာ ၁၉၁၀ နှစ်ဝန်းကျင်က အသံတိတ်ရုပ်ရှင်ခေတ်မှာ နာမည်ကြီးခဲ့တဲ့ "အာမီဂိုသုံးယောက်" ဆိုတဲ့ သူရဲကောင်းဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ကြသူတွေပါ။ ဒါပေမဲ့ ရုပ်ရှင်ကုမ္ပဏီကနေ အထုတ်ခံလိုက်ရတဲ့အခါမှာတော့ သူတို့ဟာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ မက္ကဆီကိုနိုင်ငံက ရွာလေးတစ်ရွာက အမျိုးသမီးတစ်ဦးဆီကနေ သူတို့ရွာကို နှိပ်စက်နေတဲ့ လူမိုက် အယ်လ်ဂွာပို ကို လာရောက်နှိမ်နင်းပေးဖို့ အကူအညီတောင်းတဲ့ ကြေးနန်းစာတစ်စောင် ရောက်လာပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့က ဒါဟာ ရုပ်ရှင်ရိုက်ဖို့ ဖိတ်ခေါ်တာလို့ အထင်မှားပြီး မက္ကဆီကို ကို သွားခဲ့ကြပါတယ်။ တကယ့်လက်တွေ့မှာတော့ သူတိုထင်ထားတဲ့ ဇာတ်ကားရိုက်ဖိုမဟုတ်ဘဲ သေနတ်အစစ်တွေ၊ လူသတ်သမားအစစ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့... အလွဲအချော်ပေါင်းများစွာနဲ့ အာမီဂိုသုံးယောက်ဟာ ရွာသားတွေကို ကယ်တင်နိုင်ပါ့မလား? သူတိုဟာ သရုပ်ဆောင်တွေတင်မကဘဲ တကယ့်သူရဲကောင်းအစစ်တွေ ဖြစ်လာနိုင်ပါ့မလား? ဆိုတာကိုတော့ ကြည့်ရှုလိုက်ရအောင်။
ဇာတ်လမ်းအကြောင်း