ဇာတ်ကားများ ရွေးရန်

#SKYKING

2026ဇာတ်ကားအမှတ် 6.9/1091 မိနစ်

#SKYKING (2026) IMDb Rating (7.4) ၂၀၁၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန် "Horizon Air Q400 incident" ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Aerial Drama / Thriller ကားတစ်ကား ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က "Sky King" လို့ လူသိများခဲ့တဲ့ Richard Russell ရဲ့ ဘဝအကြောင်းပါ။ ဇာတ်လမ်းကတော့ ဆက်တဲလ်-တာကိုးမား အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အလုပ်လုပ်နေတဲ့ Beebo Russell ဆိုတဲ့ လူငယ်တစ်ယောက်အကြောင်းပါ။ သူဟာ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်နေရသူဖြစ်ပြီး ဘဝရဲ့ ဖိအားတွေကြားမှာ မွန်းကျပ်နေသူပါ။ တစ်နေ့မှာတော့ သူဟာ ဘယ်သူမှ မထင်မှတ်ထားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။ အဲဒါကတော့ လေယာဉ်ကွင်းထဲမှာရှိတဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းကို ခိုးယူပြီး တစ်ယောက်တည်း မောင်းနှင်ပျံသန်းသွားတာပါပဲ။ လေယာဉ်မောင်းတတ်အောင် သင်ယူထားခြင်း မရှိပေမဲ့ သူဟာ ကောင်းကင်ပေါ်မှာ လေယာဉ်ကို ကျွမ်းကျင်စွာ ကစားပြရင်း၊ လေကြောင်းထိန်းသိမ်းရေးမျှော်စင်က လူတွေနဲ့ စကားပြောဆိုရင်း သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းပုံကို ရိုက်ကူးထားတာပါ။ ဒါဟာ ရာဇဝတ်မှုတစ်ခုထက်စာရင် အကူအညီလိုအပ်နေတဲ့ လူသားတစ်ယောက်ရဲ့ အော်ဟစ်သံတစ်ခုအဖြစ် မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ File size… (1.2 GB) / (740 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Documentary Duration…. 01:30:57 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း