ဇာတ်ကားများ ရွေးရန်

Hearts in the Game

2023ဇာတ်ကားအမှတ် 6.5/1082 မိနစ်

ဟေဇယ်မေလာဟာ နာမည်ကြီးတွေရဲ့ အရှုပ်အရှင်းနဲ့ ကောလာဟလတွေကို ကိုင်တွယ်ပေးရတဲ့ ကိုယ်ရေးကိုယ်တာတာဝန်ခံတစ်ယောက်ပါ။ နယူးယော့ခ်မြို့မှာ ကိုယ့်လုပ်ငန်းကို စတင်တည်ထောင်ဖို့ ကြိုးစားနေတုန်း လုပ်ငန်းပိုခိုင်မာလာစေနိုင်မယ့် အလုပ်တစ်ခု ရလာပါတယ်။ သူတာဝန်ယူပေးရမယ့်သူက ဘေ့စ်ဘောလောကမှာ နာမည်ကြီး ဘောလုံးပစ်သမားဖြစ်နေတဲ့ ငယ်ချစ်ဟောင်း ဒီအေဂိုဗက်စ်ကက်ပါ။ ဒီအေဂိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့စီးရီးပွဲစဉ်မှာ အကြောင်းတစ်ခုကြောင့် ဆက်မကစားဘဲ ကွင်းထဲရပ်နေခဲ့မိတယ်။ အဲဒီအဖြစ်ကြောင့် အသင်းက ဖလားရနိုင်မယ့် အခွင့်အရေးကို လက်လွတ်ခဲ့ရပြီး သူလည်း ဘေ့စ်ဘောလောကထဲ ပြန်ဝင်နိုင်ဖို့ ပရိသတ်တွေရဲ့ အကောင်းမြင်မှုကို လိုအပ်နေပါတယ်။ ဟေဇယ်က ဒီကိစ္စအတွက် ကမ်းလှမ်းခံရတာဖြစ်ပြီး ဒီအေဂိုအကြောင်း ဆောင်းပါးရေးဖို့ ဆုံးဖြတ်ကြတယ်။ ဆောင်းပါးအတွက် သူတို့ရဲ့ဇာတိကို ပြန်လာကြတဲ့အခါ အရင်က ဘာကြောင့် လမ်းခွဲခဲ့ကြတာလဲဆိုတဲ့ အတိတ်ကိစ္စတွေ ရှိနေပါတယ်။ နှစ်ယောက်ကြားမှာ အချစ်ပြန်ပေါက်ဖွားလာမလား၊ ဒီအေဂို ကွင်းထဲမှာ ရပ်နေခဲ့ရတဲ့ အကြောင်းရင်းကရော ဘာလဲဆိုတာကို ဆက်ပြထားတဲ့ ၂၀၂၃ ခုနှစ်ထွက် အချစ်ဟာသကားပါ။

ဇာတ်လမ်းအကြောင်း