The Borderlands
The Borderlands (2013) IMDb Rating (5.8) / Rotten Tomatoes (83%) ဗာတီကန်ကနေ စေလွှတ်လိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ဟာ အင်္ဂလန်နိုင်ငံ ဒေဗွန်နယ်ဘက်အစွန်အဖျားရွာလေးတစ်ရွာက ရှေးဟောင်းဘုရားကျောင်းတစ်ခုဆီကို ရောက်လာကြပါတယ်။ အဲ့ဒီဘုရားကျောင်းမှာအံ့ဖွယ်တန်ခိုးတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေအရ အထက်အမိန့်နဲ့လာရောက်စုံစမ်းကြတာပါ။ အဖွဲ့သားတွေကတော့အယူသီးမှုတွေကိုအယုံအကြည်မရှိတဲ့ နည်းပညာသမား ဂရေး၊ စိတ်ဒဏ်ရာရှိပြီး အရက်စွဲနေတဲ့ ဘုန်းတော်ကြီး ဒီကွန်နဲ့စာအုပ်ကြီးအတိုင်း ဘုန်းတော်ကြီး မာ့ခ် တို့ ပါဝင်ပါတယ်။ သူတို့ဟာ ဘုရားကျောင်းဟောင်းထဲမှာ ကင်မရာတွေအသံဖမ်းစက်တွေတပ်ဆင်ပြီး စစ်ဆေးတဲ့အခါမှာတော့ သူတို့ထင်ထားတာထက် ပိုနက်နဲပြီး ရှေးကျတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အမှောင်လောကနဲ့ ရင်ဆိုင်ရပါတော့တယ်။ Found footage ပုံစံနဲ့တင်ဆက်ထားတာဖြစ်ပြီး RT ကဝေဖန်ရေးဆရာတွေက 82% အထိပေးထားခဲ့ပါတယ်။ Jump scare တွေကို အားမကိုးပဲ ဖြစ်စဉ်တွေရဲ့ အငွေ့အသက်၊ ဇာတ်ကောင်တွေရဲ့ခံစားချက်ကနေ ကြောက်စိတ်ကိုဖြည်းဖြည်းချင်းလှုံ့ဆော်ပေးသွားတဲ့ ဇာတ်ကားမျိုး ဖြစ်ပြီး ဇာတ်သိမ်းခန်းဟာ ကြက်သီးထလောက်အောင်ခြောက်ခြားဖို့ကောင်းသလို မျှော်လင့်မထားတဲ့ ကြောက်စရာ အကောင်းဆုံး ဇာတ်သိမ်းတွေထဲက တစ်ခုအဖြစ် မှတ်ချက်ပြုထားကြပါတယ်။ File size… (2.3 GB) / (1.2 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:33:33 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း