ဇာတ်ကားများ ရွေးရန်

Haunted

1995ဇာတ်ကားအမှတ် 6.1/10108 မိနစ်

Haunted (1995) IMDb Rating (6.2) / Rotten Tomatoes (80%) ဇာတ်လမ်းကို ၁၉၂၀ ဝန်းကျင် အင်္ဂလန်နိုင်ငံကိုနောက်ခံထားပါတယ်။ David Ash ဟာ သဘာ၀လွန်ဖြစ်ရပ်တွေကိုအယုံအကြည်မရှိပဲ သိပ္ပံနည်းကျဖော်ထုတ်သူတစ်ယောက်ပါ။ သူ့မှာငယ်စဉ်က အမြွှာညီမဖြစ်သူ ရေနစ်သေဆုံးခဲ့တဲ့စိတ်ဒဏ်ရာကိုလည်း ခံစားနေရပါတယ်။ တစ်နေ့တော့ သူ့စာအုပ်တစ်ခုက တစ်ဆင့် Edbook စံအိမ်ကြီးမှာဖြစ်ပျက်နေတဲ့ခြောက်လှန့်မှုတွေကိုစုံစမ်းဖို့ဖိတ်ကြားခံရပါတယ်။ အဲ့ဒီအိမ်ရှင်တွေကတော့ မာရီယယ် မိသားစုဝင် ညီအစ်ကိုမောင်နှမသုံးယောက်ဖြစ်ပြီး ခြောက်လှန့်ခံနေရသူကတော့ သူတို့မောင်နှမတွေကိုငယ်စဉ်ကတည်းက ထိန်းကျောင်းခဲ့တဲ့အထိန်းတော်ကြီးပါပဲ။ သူတစ်ယောက်ကလွဲပြီး ကျန်တဲ့မောင်နှမတွေဟာ ဘာခြောက်လှန့်မှုကိုမှ မခံရပေမယ့်ဒေးဗစ်ရောက်ရှိချိန်မှာတော့ ထူးဆန်းတဲ့အသံတွေ၊ ပုံရိပ်တွေ အိမ်မက်ဆိုးတွေနဲ့အတူ ထူးခြားမှုတွေစပြီး ခံစားလာရပါတော့တယ်။အယုံအကြည်မရှိဝါဒီတစ်ယောက်ဖြစ်တဲ့ ဒေးဗစ်တစ်ယောက် သူ့အယူအဆတွေကို ပြောင်းပြန်လန်သွားအောင်ဒီအိမ်ကြီးက ဘယ်လိုပညာတွေ ပြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ဇာတ်ကားက ရုံတင်ချိန်မှာ အတော်အသင့်ပဲအောင်မြင်ခဲ့ပေမယ့် Home Video ခေတ်အရောက်မှာတော့ ဟော်ရာပရိသတ်တွေကြား အခုချိန်ထိရေပန်းစားနေဆဲဗြိတိန်ဂန္ဓဝင်ဟော်ရာကားတစ်ကားပါ။ သွေးထွက်သံယိုမပါသလောက်နဲ့စိတ်ကိုခြောက်ခြားလာအောင် စွမ်းဆောင်နိုင်ပြီး အဆုံးသတ်လှည့်ကွက်ကလည်း ဂန္ဓဝင်ဖြစ်သင့်ဖြစ်ထိုက်လောက်အောင် ပြောင်မြောက်ပြီး စိတ်ထဲစွဲကျန်ရစ်စေမယ့် ဇာတ်သိမ်းတစ်ခုဖြစ်ပါတယ်။ Kate Beckinsale ကိုနာမည်ကြီးလာစေတဲ့ အစောပိုင်း ဇာတ်ကားတစ်ကားလည်းဖြစ်ပြီး၊ မင်းသမီးရဲ့ဝတ်လစ်စလစ်ဇာတ်ဝင်ခန်းတစ်ချို့ကြောင့် မိသားစုနဲ့ကြည့်ဖို့တော့ မသင့်ပါ။ File size… (3.6 GB) / (2 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy,Horror,Mystery,Romance Duration…. 01:49:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း