ဇာတ်ကားများ ရွေးရန်

Jaadugar

2022ဇာတ်ကားအမှတ် 6.6/10167 မိနစ်

အိန္ဒိယနိုင်ငံက Neemuch မြို့လေးမှာ ဘောလုံးအားကစားကို ချစ်မြတ်နိုးသူတွေ စုဝေးနေကြပါတယ်။ နှစ်စဉ် အိမ်နီးချင်းမြို့တွေနဲ့ ဘောလုံးပြိုင်ပွဲ ကျင်းပလေ့ရှိပြီး အလုပ်အကိုင်မျိုးစုံ လုပ်နေကြတဲ့ အမျိုးသားတွေ ဝင်ရောက်ကစားကြတယ်။ Meenu ကတော့ ဒီလူတွေထဲမှာ မပါပါဘူး။ သူ့အဖေဟာ မြို့မှာ “ငွေတံဆိပ်ဘုရင်” လို့ ခေါ်ကြတဲ့ ဂိုးသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မိဘနှစ်ပါး သေဆုံးခဲ့ရတာဟာ ဘောလုံးကြောင့်လို့ Meenu က စိတ်ထဲစွဲနေတာကြောင့် ဘောလုံးကို လုံးဝမကစားဘူး။ ငယ်ငယ်ကတည်းက အိပ်မက်ဖြစ်တဲ့ မျက်လှည့်ပညာရှင်တစ်ယောက် ဖြစ်လာဖို့ကိုပဲ ကြိုးစားနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူချစ်ရတဲ့သူကို တွေ့လာပြီး အချစ်ကြောင့်ပဲ ဘောလုံးပြိုင်ပွဲရဲ့ ဖလားကို မဖြစ်မနေ ရယူရမယ့်အခြေအနေ ရောက်လာတယ်။ ဘောလုံးကို ခြေဖျားနဲ့တောင် မထိချင်ခဲ့တဲ့ Meenu နဲ့ နှစ်ပေါင်းများစွာ ဆုမရဘဲ နောက်ဆုံးတန်းမှာပဲ ရှိနေတဲ့အသင်းတို့ ပေါင်းမိတဲ့အခါ ဘယ်လိုအလွဲတွေ ဖြစ်လာမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ “မျက်လှည့်ဆရာ” လို့ အဓိပ္ပာယ်ရတဲ့ Jaadugar ဟာ ဘောလုံးအားကစားနဲ့ မျက်လှည့်ပညာကို ပေါင်းစပ်ထားတဲ့ ဟာသ၊ စိတ်ကူးယဉ်ဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း