ဇာတ်ကားများ ရွေးရန်

Janur Ireng

2025ဇာတ်ကားအမှတ် 7.2/1094 မိနစ်

Janur Ireng (2025) သည်းထိတ်ရင်ဖို Horror ကိုမှ တမ်းတမ်းစွဲ ကြည့်ချင်ကြသူတွေအတွက် IMDb rating 7.2/10 ရရှိထားတဲ့ အင်ဒိုနီးရှားဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ အောက်လမ်းပညာဇာတ်ကားတွေဆို ဆရာတစ်ဆူလို့ တင်စားရတဲ့ ဒါရိုက်တာ Kimo Stamboel ရဲ့လက်ရာဖြစ်ပြီး Rio Dewanto ၊ Marthino Lio နဲ့ Nyimas Ratu Rafa တို့ အဓိက ပါဝင်ထားကြပါတယ်။ အင်အားကြီးတဲ့ ကွန်ချိုရိုမိသားစုနဲ့ သူတို့ရဲ့ ပြိုင်ဘက်တွေကြားက ရက်စက်ကြမ်းကြုတ်တဲ့ အောက်လမ်းပညာတိုက်ပွဲကြားထဲမှာ ရိုးသားတဲ့ကလေးနှစ်ယောက် ဘယ်လိုလက်လျှိုမိပြီး ဘယ်သူတွေ ရှင်သန်ကျန်ရစ်မလဲဆိုတာ ခြောက်ခြားဖွယ် ရှုစားကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မိဘနှစ်ပါး ကွယ်လွန်သွားပြီးနောက် ဆက်ဒိုနဲ့အင်တန်တို့ မောင်နှမနှစ်ယောက်ဟာ အရှေ့ဂျာဗားက နယ်မြို့လေးမှာ ဘဝရှေ့ဆက်နိုင်ဖို့ အနိုင်နိုင် ကြိုးစားရုန်းကန်နေကြရသူတွေပါ။ တစ်ညမှာတော့ အဖေ့ရဲ့နောက်ဆုံးအမွေဖြစ်တဲ့ သူတို့ရဲ့ အိမ်လေးကတော့ ပြာကျသွားခဲ့ပါတယ်။ နောက်မနက်မှာ အဖေ့အစ်ကိုဆိုတဲ့ ဦးကြီးကွန်ချိုရို သူတို့ဆီ ရောက်လာခဲ့အတွက် ခိုကိုးရာမဲ့နေတဲ့ ဆက်ဒိုတို့မောင်နှမဟာ ဦးကြီးရဲ့အိမ်ကို လိုက်သွားခဲ့ကြပါတယ်။ ခမ်းနားလှတဲ့ အိမ်ကြီးမှာ ညအချိန် ထူးဆန်းတဲ့ကိစ္စတွေနဲ့ ခြောက်ခြားစရာအသံတွေကိုလည်း ကြားနေကြရပါတယ်။ နောက်တစ်ညမှာ ဦးကြီးက ဆက်ဒိုကို ရိုးရာဓလေ့အစီအရင်တစ်ခု လုပ်ခိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဦးကြီးကွန်ချိုရိုဟာ ဆက်ဒိုကို ကွန်ချိုရိုမိသားစုနွယ်ဝင် စီးပွားရေးအင်အားကြီးမားတဲ့ ပြိုင်ဘက်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ပြိုင်ဘက်စီးပွားရေးသမားတွေကြားထဲမှာ အင်အားအကြီးဆုံးဖြစ်လာဖို့အတွက် အောက်လမ်းပညာတွေပါ သုံးလာကြတဲ့အခါ ဆက်ဒိုတို့ မောင်နှမ အသက်ရှင်လွတ်မြောက်ကြပါ့မလားဆိုတာကိုတော့ ... File size…1.65GB / 840MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 34m Genre ….. Horror, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း