ဇာတ်ကားများ ရွေးရန်

True Fear

2025ဇာတ်ကားအမှတ် 5.6/1092 မိနစ်

True Fear (2025) Found Footage Horror ပုံစံနဲ့ထွက်လာတဲ့ ဆွီဒင်ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ Horror Youtuber နှစ်ယောက်ဖြစ်တဲ့ နူး နဲ့ လင်းတို့ကို အခြေခံထားပါတယ်။ သူတို့ဟာ သူတို့ချန်နယ်အတွက်ဗီဒီယိုအသစ်ရိုက်ကူးဖို့ဆွီဒင်နိုင်ငံမြောက်ပိုင်းက တော်စာကာမြို့လေးကိုသွားခဲ့ကြပါတယ်။ အဲ့ဒီမြို့ဟာ ၁၇ ရာစုတုန်းက စုန်းမလို့စွပ်စွဲခံရသူတွေကို အစုအပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ တရားဝင်နေရာတစ်ခုဖြစ်ပါတယ်။ သူတို့နှစ်ယောက်သွားရောက်စုံစမ်းတဲ့အခါမှာတော့ သမိုင်းထဲက ကြောက်စရာဖြစ်ရပ်တွေနဲ့ လက်ရှိအဖြစ်အပျက်တွေရောထွေးလာပြီး နောက်ဆုံးမှာ ကြောက်မက်ဖွယ် အခြေအနေဆိုးတွေနဲ့ရင်ဆိုင်ရပါတော့တယ်။ ဆွီဒင်သမိုင်းကြောင်းမှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ Torsåker witch trials ကို အခြေခံထားတဲ့အတွက် ကြည့်ရတာပိုပြီး အသက်ဝင်ခြောက်ခြားစရာကောင်းပါတယ်။ ဇာတ်လမ်းနဲ့တင်ဆက်ပုံအရ အကြိမ်ကြိမ်မြင်ခဲ့ဖူးသားလို့ထင်ချင်စရာဖြစ်ပေမယ့် လှည့်ကွက်တွေ ရိုက်ချက်တွေက လျော့မနေပါဘူး။ တစ်ချက်တစ်ချက်ကျရင်တော့ Blair witch project ကိုပြန်သတိရချင်စရာလည်းရှိတဲ့ တန်းမြင့် ဇာတ်ကားတစ်ကားပါပဲ။ File size… (2 GB) / (960 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:32:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း