Batman and Harley Quinn
ဒီကာတွန်းကား ထွက်လာမယ်ဆိုတုန်းက ဂန္ထဝင် Batman: The Animated Series (BTAS) ကို လွမ်းနေတဲ့ ပရိသတ်တွေအတွက်တော့ တကယ့်ကို ရင်ခုန်စရာ သတင်းကောင်းပါပဲ။ ပုံဆွဲဟန် (Art style) ကအစ ငယ်ငယ်က တီဗီမှာ ကြည့်ခဲ့ရတဲ့ ကာတွန်းကားစတိုင်အတိုင်း ပြန်လုပ်ထားတာကိုး။ ဇာတ်လမ်းက ပွိုက်ဇင်အိုင်ဗွီ (Poison Ivy) နဲ့ ဖလိုရိုနစ်မန်း (Floronic Man) တို့ပေါင်းပြီး ကမ္ဘာပေါ်က လူသားတွေအားလုံးကို သစ်ပင်/လူစပ် သတ္တဝါတွေအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားတာကို တားဆီးရမယ့် ဇာတ်လမ်းပါ။ ဒီလိုတားဆီးဖို့အတွက် ဘက်တ်မန်း (Batman) နဲ့ နိုက်ဝင်း (Nightwing) တို့ဟာ အိုင်ဗွီရဲ့ သူငယ်ချင်းဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဟာလေကွင်း (Harley Quinn) ရဲ့ အကူအညီကို မဖြစ်မနေ ရယူပြီး လိုက်လံရှာဖွေကြတဲ့ Road Trip စွန့်စားခန်းလေး တစ်ခုပါပဲ။ ဒီကားရဲ့ အကောင်းဆုံးအချက်ကတော့ ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားရတာပါပဲ။ ကွယ်လွန်သူ ဂန္ထဝင်မင်းသားကြီး Kevin Conroy နဲ့ Loren Lester တို့ကပဲ Batman နဲ့ Nightwing အသံတွေကို ပြန်လည်သရုပ်ဆောင်ပေးထားတာမို့ အသံကြားတာနဲ့တင် ရင်းနှီးပြီးသား ခံစားချက်ကို အပြည့်အဝ ရရှိစေပါတယ်။ ဟာလေကွင်း အဖြစ် အသံသရုပ်ဆောင်ထားတဲ့ Melissa Rauch (The Big Bang Theory မင်းသမီး) ကလည်း တော်တော်လေး အသံပီပြင်ပြီး ဟာသမြောက်အောင် သရုပ်ဆောင်သွားနိုင်ပါတယ်။ Batman Animated Series ရဲ့ ပုံဆွဲဟန်နဲ့ အသံတွေကို လွမ်းဆွတ်တမ်းတနေတဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ ဒီကားက ကြည့်ပျော်ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဘာမှ သိပ်မမျှော်လင့်ထားဘဲ ဟာလေကွင်းရဲ့ ပေါက်ကရလုပ်ရပ်တွေနဲ့ တလွဲဟာသတွေကို ဦးနှောက်စားသက်သာစွာနဲ့ ပေါ့ပေါ့ပါးပါး ကြည့်မယ်ဆိုရင်တော့ ပိတ်ရက်မှာ အချိန်ဖြုန်းဖို့ မဆိုးလှတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ File size… 786 MB / 360 MB Quality… Blu -Ray 1080p / 720p Format… mp4 Duration…. 1h 35m Genre ..... Animation, Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း