ဇာတ်ကားများ ရွေးရန်

Justice League Dark

2017ဇာတ်ကားအမှတ် 7.3/1076 မိနစ်

စူပါမင်းနဲ့ ဘတ်မန်းတို့ရဲ့ ဂန္တဝင်ကားတွေ အကြောင်းပြောပြီးတဲ့နောက်မှာတော့ ဒီတစ်ခါ သမားရိုးကျ Superhero အက်ရှင်တွေကနေ ခွဲထွက်ပြီး DC Universe ရဲ့ အမှောင်မိုက်ဆုံးနဲ့ မှော်ပညာတွေ လွှမ်းမိုးနေတဲ့ Justice League Dark (2017) အကြောင်းကို ဆက်ပြီး ပြောချင်ပါတယ်။ ကမ္ဘာအနှံ့က သာမန်လူတွေဟာ နတ်ဆိုးတွေ ပူးကပ်ခံရသလိုမျိုး စိတ်လွတ်ကိုယ်လွတ်နဲ့ ကြောက်မက်ဖွယ် လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေ ကျူးလွန်လာကြပါတယ်။ ဒီကိစ္စတွေက သာမန် သိပ္ပံနည်းကျ စူပါပါဝါတွေနဲ့ ဖြေရှင်းလို့မရတဲ့ "မှော်ပညာ (Magic)" နဲ့ သက်ဆိုင်နေတာကြောင့် Superman, Wonder Woman တို့လို သာမန် Justice League အဖွဲ့ဝင်တွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲသွားပါတယ်။ ဒါကြောင့် Batman က မှော်ပညာနဲ့ ပတ်သက်ရင် ဆရာတစ်ဆူဖြစ်တဲ့ John Constantine ကို သွားရှာရာကနေ Zatanna, Deadman, Jason Blood (Etrigan the Demon) နဲ့ Swamp Thing တို့ ပါဝင်တဲ့ အဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းပြီး အမှောင်လောကရဲ့ ရန်သူတွေကို နှိမ်နင်းပုံကို ရိုက်ကူးထားတာပါ။ ဒီကားရဲ့ အကြီးမားဆုံး အားသာချက်ကတော့ John Constantine အဖြစ် အသံသရုပ်ဆောင်တဲ့ Matt Ryan ပါပဲ။ Live-action စီးရီးမှာကတည်းက ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ သူ့ကို Animation မှာပါ ပြန်လည်အသက်သွင်းပေးထားတာက Fan တွေအတွက် လုံးဝ Perfect ပါ။ Constantine ရဲ့ စပ်စုစု၊ လှည့်ကွက်ပေါများပြီး အမြဲတမ်း Cool ဖြစ်နေတဲ့ စတိုင်ကို အပြည့်အဝ မြင်တွေ့ရမှာပါ။ ာမန် Superhero ကားတွေနဲ့မတူဘဲ Horror ဆန်ဆန်၊ သွေးထွက်သံယို (R-Rated) အခန်းတွေနဲ့ DC ရဲ့ မှော်လောက (Mystical side) ကို သေသေချာချာ မိတ်ဆက်ပေးသွားနိုင်ပါတယ်။ Deadman ရဲ့ ဟာသတွေနဲ့ Swamp Thing ရဲ့ ဝင်ပါလာတဲ့ အခန်းတွေက တကယ့်ကို အမိုက်စားပါ။ မှော်ပညာ၊ သရဲတစ္ဆေ ဆိုတာတွေကို မယုံကြည်တဲ့ Science & Logic သမား Batman တစ်ယောက် ဒီမှော်ဆရာတွေ ကြားထဲမှာ ရောက်နေတဲ့အခါ တွေ့ရမယ့် မျက်နှာသေ (Deadpan) Reaction တွေက ဇာတ်ကားရဲ့ အကောင်းဆုံး ဟာသတွေဖြစ်သလို၊ ကြည့်ရှုသူတွေ ကိုယ်စား ဇာတ်လမ်းကို လိုက်ပါခံစားပေးတဲ့ နေရာကနေ အကောင်းဆုံး ပံ့ပိုးပေးထားပါတယ်။ Justice League Dark ဟာ ရိုးရိုး Justice League ကားတွေနဲ့ မတူတဲ့ အရသာကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ ဂြိုဟ်သားတွေ၊ စက်ရုပ်တွေနဲ့ တိုက်ခိုက်တာကို ခဏနားပြီး၊ Dark Fantasy ကြိုက်တဲ့သူတွေ၊ သရဲတစ္ဆေ မှော်ပညာတွေနဲ့ Constantine, Zatanna တို့လို ဇာတ်ကောင်တွေရဲ့ စွမ်းဆောင်ရည်ကို သဘောကျတဲ့ Comic Fan တွေအတွက်တော့ လုံးဝ အကြိုက်တွေ့စေမယ့် R-Rated Animation တစ်ကား ဖြစ်ပါတယ်။ File size…    1.1 GB / 500 MB Quality… Blu- Ray 1080p / 720p Format… mp4 Duration…. 1h 16m Genre ..... Animation, Adventure, Superhero Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း