ဇာတ်ကားများ ရွေးရန်

Buen Camino

2025ဇာတ်ကားအမှတ် 6.4/1090 မိနစ်

Buen Camino (2025) IMDb - 6.4/10 ဟာသရုပ်ရှင်တွေနဲ့ လူသိများတဲ့ ချက်ကိုဇာလုံး။ ဂီတ၊ ရုပ်ရှင်စတဲ့ အနုပညာနဲ့ပတ်သက်သမျှမှာဆရာတဆူဖြစ်တဲ့ အီတလီလူမျိုးတယောက်ပေါ့။ သူ့ရဲ့ အောင်မြင်တဲ့ဟာသရုပ်ရှင်တွေထဲမှာ တကားထပ်ဖြည့်လာခဲ့တဲ့ ဒီရုပ်ရှင်က ခရီးလမ်း သာယာဖြောင့်ဖြူးပါစေတဲ့။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အနှစ်ခြောက်ဆယ်လောက် မဆုတ်မနစ်ကြိုးစားပြီးတဲ့နောက်မှာ သုံးမကုန်တဲ့ စည်းစိမ်ချမ်းသာတွေနဲ့ မောက်မာလှတဲ့ သူဌေးကြီးဖြစ်လာခဲ့တဲ့ ဇာလုံး။ ဇာလုံးအသက်က ငါးဆယ်ပဲရှိသေးတာ။ အနှစ်ခြောက်ဆယ် ဘယ်လိုခက်ခက်ခဲခဲ ကြိုးစားခဲ့ရလဲဆိုတော့ ကြိုးစားခဲ့သမျှ အဲဒီအနှစ်ခြောက်ဆယ်က သူ့အဖေကြိုးစားခဲ့တာပါတဲ့။ ဒီလိုပဲ အဖေဖြစ်သူရှာဖွေခဲ့သမျှကို မဆုတ်မနစ်ဖြုန်းနေခဲ့တဲ့ ဇာလုံးတယောက် ဇနီးဟောင်းနဲ့ရခဲ့တဲ့ ဆယ်ကျော်သက်သမီးဖြစ်သူက ပျောက်သွားပါလေရော။ မော်ဒယ်ဇနီးသစ်နဲ့ ကမ္ဘာပတ်ခရီးထွက်ပါမယ်ဆိုမှ သမီးဖြစ်သူပျောက်သွားလို့ သူဌေးကြီးဇာလုံး သမီးဖြစ်သူကိုရှာရင်း သမီးဖြစ်သူနဲ့ သားဖနှစ်ယောက် ဘုရားဖူးခရီးစဉ်တခု ထွက်လိုက်ရပြီးတဲ့နောက်အသိတရားဆိုတာကြီး ရလာချိန်မှာတော့...။​ File size…1.6 GB/ 800 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း