ဇာတ်ကားများ ရွေးရန်

What About Bob?

1991ဇာတ်ကားအမှတ် 6.9/10100 မိနစ်

What About Bob? (1991) IMDB : 7 Rotten Tomatoes : 82% Genre : Comedy / Farce အရာရာကို ကြောက်ရွံ့စိုးရိမ်တတ်တဲ့ (Phobia မျိုးစုံရှိတဲ့) စိတ်ဝေဒနာရှင် Bob Wiley (Bill Murray) နဲ့ သူ့ကို ကုသပေးရတဲ့ အောင်မြင်ကျော်ကြားပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ စိတ်ပညာဆရာဝန် Dr. Leo Marvin (Richard Dreyfuss ) တို့ကြားက အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ ဟာသဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ Dr. Leo ဟာ သူ့ရဲ့ မိသားစုနဲ့အတူ အေးအေးဆေးဆေး အားလပ်ရက်ခရီးထွက်သွားတဲ့အခါ Bob ဟာ ဆရာဝန်မပါဘဲ မနေနိုင်တာကြောင့် ခရီးစဉ်နောက်ကို တစ်ကောက်ကောက် လိုက်သွားပါတော့တယ်။ Bob ဟာ ဆရာဝန်ရဲ့ မိသားစုဝင်တွေနဲ့ အလွန်ရင်းနှီးသွားပြီး ချစ်ခင်မှုကို ရရှိသွားပေမယ့်၊ ဆရာဝန် Dr. Leo အတွက်ကတော့ Bob ဟာ သူ့ဘဝရဲ့ အကြီးမားဆုံး အနှောင့်အယှက်ကြီးဖြစ်လာပြီး သေလောက်အောင် ဒေါသတွေထွက်တာ Bob ကို အစဖျောက်ချင်တဲ့အထိဖြစ်လာတဲ့အခါ… ခံစားကြည့်လိုက်ကြပါ။

ဇာတ်လမ်းအကြောင်း