About a Boy
Abou a Boy (2002) IMDB : 7.1 Rotten Tomatoes : 93% Genre : Romance / Romance / Drama About a Boy ဟာ ဖခင်ဖြစ်သူရေးစပ်ခဲ့တဲ့ သီချင်းကနေ ရတဲ့မူပိုင်ခွင့်နဲ့ အလုပ်လုပ်စရာမလိုဘဲ သက်သောင့်သက်သာ နေထိုင်နေတဲ့ လူပျိုကြီး Will Freeman (Hugh Grant) နဲ့ အသက် ၁၂ နှစ်အရွယ် ကလေးလေး Marcus Brewer (Nicholas Hoult) တို့အကြောင်းကို ရိုက်ကူးထားတဲ့ ဟာသ/ဒရာမာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Will ဟာ တာဝန်ယူရမှာကို ကြောက်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား သမားတစ်ယောက် ဖြစ်ပါတယ်။ သူဟာ အချစ်ရေးမှာ တာဝန်မယူချင်တာကြောင့် မိခင်တစ်ဦးတည်းရှိတဲ့ Single Mother တွေကို လိုက်လံပိုးပန်းဖို့အတွက် သူ့မှာ ကလေးရှိတယ်လို့ လိမ်ညာရင်းကနေ ကလေးလေး Marcus နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Marcus ဟာ ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ ကလေးဖြစ်ပြီး၊ သူ့ရဲ့ မိခင် Fiona (Toni Collette) ကလည်း ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားနေရသူပါ။ အခြေအနေတွေအရ သူတို့နှစ်ယောက် ရင်းနှီးသွားပြီးနောက်မှာတော့ အပြန်အလှန် ကူညီမှုတွေ စတင်ပါတော့တယ်။ Will က Marcus ကို ကျောင်းမှာ အဆင်ပြေအောင် လူငယ်တွေရဲ့ ဖက်ရှင်၊ သီချင်းနဲ့ နေထိုင်ပုံတွေ သင်ပေးသလို၊ Marcus ကလည်း Will ကို ကိုယ်ချင်းစာတရား၊ သံယောဇဉ်နဲ့ တာဝန်ယူတတ်တဲ့ လူကြီးတစ်ယောက်ဖြစ်လာအောင် တဖြည်းဖြည်း ပြောင်းလဲပေးခဲ့ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။
ဇာတ်လမ်းအကြောင်း