Caddyshack
ဒီဇာတ်ကားကတော့ ဂေါက်ကွင်းထဲက ဂယက်တွေကို တခွီခွီကြည့်နဲ့ရမယ့် ဟာသဇာတ်ကားဖြစ်ပါတယ်။ ဟာသကြိုက်သူတွေအတွက် ဒီဇာတ်ကားက လုံးဝထိမိစေမှာ အမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်း ဒန်နီနိုနန် ဟာ သူဌေးတွေသာ လာလေ့ရှိတဲ့ ဂေါက်သီးရိုက်ကလပ်မှာ ပိုက်ဆံရဖို့အတွက် ဂေါက်သီးကောက်ပေးရသူအဖြစ် အလုပ်လုပ်နေသူပါ။ သူဟာ ကောလိပ်တက်ဖို့အတွက် လိုအပ်တဲ့ ပညာသင်ဆုကို ရရှိဖို့ သူဌေးဖြစ်သူ ရဲ့ မျက်နှာသာပေးမှုကို ရရှိအောင် ကြိုးစားနေရပါတယ်။ တစ်နေ့မှာတော့ မြေစာကြွက်တစ်ကောင်က ဂေါက်ကွင်းတစ်ခုလုံးကို လိုက်လံဖျက်ဆီးနေတာကြောင့် ဂေါက်ကွင်းထိန်းသိမ်းရေးသမား ကားလ် ဟာ ဒီကြွက်ကို နည်းမျိုးစုံနဲ့ ဖမ်းဖို့ ကြိုးစားနေပါတယ်။ အဲဒီလို ကြွက်ဖမ်းတဲ့အချိန်မှာပဲ သူဌေးတွေကြားက အားပြိုင်မှုတွေ၊ လောင်းကြေးထပ်ပွဲတွေနဲ့ ဂေါက်ကွင်းထဲက ရှုပ်ထွေးပွေလီတဲ့ အဖြစ်အပျက်တွေ တစ်ချိန်တည်း ဖြစ်ပေါ်လာပါတော့တယ ဒီဂယက်ပေါင်းသောင်းခြောက်ထောင်ကြားမှာ ဒန်နီတစ်ယောက် သူလိုချင်တဲ့ ပညာသင်ဆုကိုရော ရရှိနိုင်ပါ့မလား? မြေစာကြွက်ကို ဖမ်းဖို့ ကြိုးစားနေတဲ့ ကားလ် ရဲ့ အစီအစဉ်ကရော ဘယ်လို အလွဲတွေ ဖြစ်ဦးမလဲ? ဂေါက်ရိုက်ပွဲ လောင်းကြေးထပ်ပွဲကြီးမှာ ဘယ်သူက အနိုင်ရရှိသွားမလဲ? ဆိုတာကိုတော့ အခုပဲ ကြည့်ရှုလိုက်ရအောင်။
ဇာတ်လမ်းအကြောင်း