Pokémon: Destiny Deoxys
IMDB Rating 6 အထိ ရရှိထားပြီး အားလုံးရဲ့ငယ်ဘဝမှာ အမှတ်တရတစ်ခုအနေနဲ့ ရှိခဲ့တဲ့ Pokémon: Destiny Deoxys ရုပ်ရှင်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ခေတ်မီပြီး နည်းပညာအဆင့်မြင့်မားတဲ့ LaRousse မြို့ကို Ash Ketchum ကသူ့ရဲ့အဖွဲ့သားတွေက အဲဒီမြို့ရဲ့ Battle Tower မှာကျင်းပမဲ့တိုက်ပွဲဝင်ဖို့အတွက် လာခဲ့ကြပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် Ash နဲ့အတူ ပြိုင်ဖွဲဝင်ရမဲ့အဖော်က Pokémon တွေကိုကြောက်တတ်တဲ့ Tory ဆိုတဲ့ကောင်လေးတစ်ယောက်ဖြစ်နေတဲ့အခါ.... ပြိုင်ပွဲမှာသူတို့အနိုင်ရနိုင်ပါ့မလား? အဲဒီနောက် Deoxys ဆိုတဲ့ အာကာသထဲက Pokémon တစ်ကောင်က LaRousse မြို့ကိုရောက်လာပြီးလူတွေရော Pokémon တွေကိုရောပါ ဖမ်းဆီးပစ်ပါတယ်။ Deoxys အပြင် Rayquaza ဆိုတဲ့ Pokémon တစ်ကောင်ပါရောက်လာပြီး အပြန်အလှန်တိုက်ခိုက်ကြတာကြောင့် Ash တို့တွေ မြို့ရဲ့တစ်နေရာမှာပိတ်မိသွားကြပါတယ်။ Ash တို့အဖွဲ့ ပိတ်မိနေရာကနေ အဆင်ပြေပြေထွက်နိုင်ပါ့မလား? Deoxys ကရော ဘာကြောင့်အားလုံးကိုလိုက်ဖမ်းနေရတာလဲ? Tory ကရော သူ့ရဲ့ Pokémon ကြောက်တဲ့စိတ်ကို ကျော်လွှားနိုင်ပါ့မလား ဆိုတာတွေကို ကြည့်ရှုခံစားရင်း အဖြေရှာရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း