Pokémon Ranger and the Temple of the Sea
Pokémon Ranger and the Temple of the Sea (2006) IMDb (5.9/10) ပိုကီမွန်ကားများစွာ၊ စီးရီးများစွာရှိတဲ့ထဲကမှ ၉ကားမြောက်ဖြစ်တဲ့ ဒီကားလေးကတော့ ၂၀၀၆ခုနစ်မှာ ထွက်ရှိခဲ့ပြီး မတူထူးခြားစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါ။ ဒီကားလေးထဲမှာ ပိုကီမွန်တွေကို ကာကွယ်ပြီး သဘာဝတရားကို ဟန်ချက်ညီအောင်ဆောင်ရွက်ပေးနေတဲ့ ပိုကီမွန်ပဲ့ကိုင်ရှင် ဂျက်ဝေါ့ကာကို မိတ်ဆက်ပေးထားပါတယ်။ ဂျက်ဝေါ့ကာလို ပဲ့ကိုင်ရှင်တွေက သူများတွေလို Poké Balls တွေနဲ့ ပိုကီမွန်မဖမ်းကြပါဘူး။ သူတို့က Capture Styler လို့ခေါ်တဲ့စက်လေးနဲ့ တောရိုင်းပိုကီမွန်တွေကို ခဏတာဖမ်းပြီးပဲ အသုံးချတာပါ။ ဒီကားလေးက ပိုကီမွန်ပဲ့ကိုင်ရှင်ကို ပထမဦးဆုံးဖော်ညွှန်းပေးထားတဲ့ ကားဆိုရင်လည်းမမှားပါဘူး။ ပိုကီမွန်ပဲ့ကိုင်ရှင်နဲ့အတူ ကဏ္ဌဝင်ရေပိုကီမွန်ဖြစ်တဲ့ မန်နာဖီကို ဖော်ကျူးထားတဲ့ပထမဆုံးကားလည်း ဖြစ်ပါတယ်။ ဇာတ်အိမ်ဇာတ်ညွှန်းလည်းကောင်း၊ ပင်လယ်ကမ်းခြေတွေလို Scene လှလှလေးတွေ အများကြီးပါဝင်တဲ့အပြင် ၁၀၅ မိနစ်ရှိတာကြောင့် တစ်နာရီကျော်ကြာအောင် တစ်ဝကြီး အေးအေးဆေးဆေးဇိမ်နဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ခရီးထွက်နေကြတဲ့ စသာရှိ(Ash)၊ ဘရော့ခ်(Brock)၊ ဟတသာ(May)၊ မာဇသာ(Max)တို့နဲ့ အစပြုထားပါတယ်။ မြို့တစ်မြို့အရောက်မှာ လျှို့ဝှက်ဆန်းကျယ်တဲ့ ဥတစ်လုံးကိုကာကွယ်ဖို့ မစ်ရှင်နဲ့ရောက်နေတဲ့ ဂျက်ကီနဲ့ဆုံတွေ့ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ အကြောင်းတစ်ခုကြောင့် ဥကို သည်းကြီးမည်းကြီးလိုက်ရှာနေတဲ့ ဟမ်သို (Phantom) လည်းရောက်လာပါတယ်။ ဥဟာ စသာရှိတို့ ရောက်နေတဲ့မြို့က ရေလောကသားတွေရဲ့ မျိုးဆက်တွေနေတဲ့ အိမ်လေးတစ်အိမ်မှာ ရှိနေပြီး ဒါကိုတွေ့သွားတဲ့သူခိုးအဖွဲ့ကလည်း ဆုကြေးရလိုတာကြောင့် ဟမ်သို့ဆီအကြောင်းကြားခဲ့တဲ့အပြင် ဥကိုပါခိုးယူသွားခဲ့ကြပါတယ်။ ဂျက်ကီတို့ ဥကိုဘယ်လိုပြန်ယူလာပေးပြီး စောင့်ရှောက်ပေးကြမလဲ၊ ဒီဆန်းပြားတဲ့ ကဏ္ဌဝင်ဥလေးကဖြစ်လာမယ့်အကောင်လေးမှာ ဘယ်လိုအစွမ်းတွေပိုင်ဆိုင်ထားမလဲဆိုတာ သိရအောင် Adventure, Fantasy, Family, Action ကားလေးဖြစ်တဲ့ Pokémon Ranger and the Temple of the Sea (2006) လေးကြည့်ပြီး ရှာဖွေလိုက်ကြရအောင်။
ဇာတ်လမ်းအကြောင်း