Clueless (aka) Poh Tak
ဒါရိုက်တာ ပင်းဟာ ရုပ်ရှင်ရိုက်ကူးဖို့အတွက် အမြဲတမ်း စိတ်အားထက်သန်နေပေမဲ့ သူရိုက်ကူးခဲ့တဲ့ "အချစ်ရူး"၊ "ကွန်ဟျူးဟွား" နဲ့ "သည်ဘီဂင်း" စတဲ့ ကားတွေဟာ ကုမ္ပဏီကို အရှုံးပေါ်စေခဲ့တာကြောင့် ကုမ္ပဏီပိုင်ရှင်ဖြစ်သူ မစ္စတာမမ်း ဆီကနေ အငြင်းပယ်ခံရပါတယ်။ ပင်းက သူ့ရဲ့ကားတွေဟာ ဆုတွေရထားလို့ မှတ်တမ်းကောင်းတယ်ဆိုပြီး အကြောင်းပြပေမဲ့ မစ္စတာမမ်းကတော့ ဆုတွေထက် လုပ်ငန်းအောင်မြင်မှုကိုသာ အဓိကထားတာမို့ သူ့ကို ထပ်ပြီး အခွင့်အရေး မပေးချင်တော့ပါဘူး။ ဒါပေမဲ့ ပင်းကတော့ လက်မလျှော့ဘဲ သူ့ရဲ့ ပရောဂျက်အသစ်ဖြစ်တဲ့ "ပင်းရဲ့ အချစ်" (Love of Ping) ဆိုတဲ့ ရုပ်ရှင်ကားကို အောင်မြင်အောင် ရိုက်ကူးနိုင်ဖို့ အလကားလုပ်ပေးပါမယ်ဆိုတဲ့အထိ ကတိပေးကာ တောင်းဆိုရင်း နောက်ထပ် ရုပ်ရှင်ပရောဂျက်တွေနဲ့အတူ ဘဝကို ဘယ်လိုမျိုး ဆက်လက်ရုန်းကန် အကောင်အထည်ဖော်သွားမလဲဆိုတာကို ဟာသဆန်ဆန် ကြည့်ရမယ့် ဇာတ်ကားကောင်းဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း