ဇာတ်ကားများ ရွေးရန်

Hello Yasothorn 3

2013ဇာတ်ကားအမှတ် 5.5/1091 မိနစ်

"ရာ့ဆိုထောန်" ရွာလေးကတော့ အရင်လိုပဲ ပျော်စရာတွေ၊ အလွဲတွေ၊ ရိုးရာပွဲတော်တွေနဲ့ အမြဲစည်ကားနေဆဲပါ..... ရွာလူကြီး "ယမ်း''နဲ့ ''ပွိင်"တို့ရဲ့သားသမီးတွေကတော့ ကျောင်းပိတ်နေတဲ့ကာလအတွင်းမှာ ကိုယ့်ရပ်ရွာကိုပြန်လာရင်း ကားပေါ်မှာတွေ့ဆုံပြီး သဘောကျသွားကြပါတယ် "ခါထာထေ့ပ်"ဆိုတဲ့ကောင်လေးနဲ့ "ရန်ပန်"ဆိုတဲ့ကောင်မလေးတို့ဟာ အချင်းချင်းချစ်ကြိုက်နေကြပေမဲ့ မိဘဖြစ်သူတွေကတော့ အတိတ်ကအငြိုးတွေမကျေနပ်မှုတွေရှိနေတာကြောင့် လူငယ်တွေရဲ့အချစ်ကိုလိုက်တားဆီးနေပါတော့တယ် မိဘတွေရဲ့အတားအဆီးကြားက သူတို့နှစ်ဦးဟာ ဘယ်လိုကျော်ဖြတ်သွားကြမလဲ....မိဘရဲ့စကားအတိုင်း လက်လွှတ်ကြမလား ရွာလူကြီး "ယမ်း"နဲ့"ပွိင်"တို့ရော အတိတ်ကအဖြစ်အပျက်ကိုခွင့်လွှတ်ပြီး ကလေးတွေအတူတူပေါင်းဖက်ရဖို့အတွက် နားလည်မှုပြန်လည်ညှိယူကြမလားဆိုတာဆက်လက်ကြည့်ရှုလိုက်ပါဦးနော်...

ဇာတ်လမ်းအကြောင်း