Nong Teng
ထိုင်းကျေးလက်ရွာလေးတစ်ရွာမှာ “Likay” လို့ခေါ်တဲ့ ရိုးရာဇာတ်သဘင်အဖွဲ့တစ်ဖွဲ့ဟာ နာမည်ကြီးနေပါတယ် အဲဒီအဖွဲ့ရဲ့ အဓိကမင်းသားကတော့ "ထိန့်" ဖြစ်ပြီး ဟာသရော၊ အလွမ်းရော သရုပ်ဆောင်နိုင်လွန်းတာကြောင့် ပရိသတ်အားလုံးချစ်ခင်ကြပါတယ် "ထိန့်" ရဲ့ အောင်မြင်မှုကြောင့် ဇာတ်အဖွဲ့ဟာ ပိုပိုကျော်ကြားလာပြီး ငွေကြေးလည်း အဆင်ပြေလာပါတယ် ဒါပေမဲ့ တစ်နေ့မှာ ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခု ရွာကိုရောက်လာပြီး ဇာတ်သဘင် က စားနေတဲ့နေရာကို ရုပ်ရှင်ရိုက်ကွင်းအဖြစ် သိမ်းယူမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီသတင်းကြောင့် "ထိန့်" နဲ့ သူ့အဖော်"နုန်"တို့ဟာ အရမ်းစိတ်ပျက်သွားကြပြီး သူတို့ချစ်တဲ့ ရိုးရာဇာတ်သဘင်ပျောက်ကွယ်သွားမှာကို စိုးရိမ်လာကြပါတယ် အဲ့ဒီအချိန်မှာ ''ထိန့်" ဟာ "နွန်ဂျန်" ဆိုတဲ့ လှပတဲ့မင်းသမီးလေးကို ချစ်မိနေပါတယ်။ "နွန်ဂျန်" ကတော့ ရုပ်ရှင်လောကထဲဝင်ချင်နေသူဖြစ်ပြီး အနာဂတ်အိပ်မက်ကြီးတွေရှိပါတယ်။ "ထိန့်" အတွက်တော့ သူချစ်တဲ့မိန်းကလေးနဲ့ သူ့ဘဝတစ်ခုလုံးပေးထားတဲ့ ဇာတ်သဘင်အဖွဲ့ကြားမှာ ရွေးချယ်ရခက်ဖြစ်လာပါတယ် "ထိန့်" ကတော့ ရိုးရာအနုပညာကို ကာကွယ်ချင်ပြီး "နွန်ဂျန်" ရဲ့ အိပ်မက်တွေကိုလည်း မဖျက်ဆီးချင်ခဲ့ဘူး နောက်ဆုံးမှာ "ထိန့်" ဟာ အချစ်နဲ့ တာဝန်ကြားမှာ ဆုံးဖြတ်ချက်တစ်ခုချရတော့မယ့်အချိန်ရောက်လာတဲ့အခါမှာ...သူဘယ်လိုဆုံးဖြတ်ချသွားမလဲဆိုတာအတူတူကြည့်လိုက်ရအောင်ရှင်.......
ဇာတ်လမ်းအကြောင်း