ဇာတ်ကားများ ရွေးရန်

Swapped

2026ဇာတ်ကားအမှတ် 6.5/10102 မိနစ်

Swapped (2026) ++++++++++ ဒီနေ့ (၂၀၂၆၊ မေလ ၁ ရက်နေ့) ကမှ Netflix မှာ အသစ်စက်စက် ထွက်လာတဲ့ "Swapped" ဆိုတဲ့ Animation ကားသစ်လေးတင်ပေးထားပါတယ်။ ဒီကားလေးက Skydance Animation ကနေ ထုတ်လုပ်ပြီး Michael B. Jordan နဲ့ Juno Temple တို့လို နာမည်ကြီး သရုပ်ဆောင်တွေက အသံနဲ့ ပါဝင်အားဖြည့်ပေးထားတာပါ။ မိသားစုနဲ့အတူတူ ကြည့်လို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါး body-swap (ခန္ဓာကိုယ်ချင်း လဲသွားတဲ့) ဇာတ်လမ်းပုံစံမျိုးလေးပါ။ ဇာတ်လမ်းအကျဉ်း ++++++++++ ဇာတ်လမ်းက The Valley လို့ခေါ်တဲ့ တိရစ္ဆာန်ကမ္ဘာလေးထဲမှာ အခြေတည်ထားတာပါ။ အဲဒီမှာ Ollie (Michael B. Jordan အသံသရုပ်ဆောင်ထားတဲ့ Pookoo လို့ခေါ်တဲ့ ဖျံနဲ့တူတဲ့ တောတွင်းနို့တိုက်သတ္တဝါလေး) နဲ့ Ivy (Juno Temple အသံသရုပ်ဆောင်ထားတဲ့ Javan လို့ခေါ်တဲ့ တဲ့ ငှက်ကြီး) တို့က သဘာဝအရ ရန်သူတွေပေါ့။ ထူးခြားတာက ဒီကားထဲက တိရစ္ဆာန်တွေက တစ်ကောင်နဲ့ တစ်ကောင် ဘာသာစကားချင်း မတူကြလို့ ဆက်သွယ်လို့ မရကြဘူး။ တစ်နေ့ကျတော့ သူတို့နှစ်ကောင် မှော်အပင်တစ်ပင်နဲ့ တိုက်မိပြီး မထင်မှတ်ဘဲ ခန္ဓာကိုယ်ချင်း လဲသွားကြရော။ အဲဒီတော့မှ ရန်သူတွေဖြစ်တဲ့ သူတို့နှစ်ကောင်ဟာ မတတ်သာဘဲ ပူးပေါင်းပြီး အသက်ရှင်ဖို့အတွက် အခက်အခဲတွေကို အတူတူ ဖြတ်ကျော်ကြရတော့တာပဲ။ တစ်ကောင်အကြောင်း တစ်ကောင် ပိုနားလည်လာပြီး သူတို့ရဲ့ သဘာဝတောအုပ်လေးကို ဘယ်လို ကယ်တင်ကြမလဲဆိုတာကို ရယ်စရာ၊ ခံစားစရာလေးတွေနဲ့ ရိုက်ပြထားတာပါ။ ပုံမှန် တိရစ္ဆာန် Animation ကားတွေလို အကုန်လုံး စကားပြောလို့ရတာမျိုး မဟုတ်ဘဲ၊ ဘာသာစကားမတူတဲ့ တိရစ္ဆာန်တွေ ကြားက ဆက်သွယ်ရခက်တဲ့ ပြဿနာကို အခြေခံထားတာက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ရုပ်ထွက်ပိုင်း (Animation) ကလည်း တော်တော်လေး လှတယ်။ ဇာတ်ပို့နေရာတွေမှာလည်း Tracy Morgan နဲ့ Cedric the Entertainer တို့ ပါဝင်ထားတော့ ဟာသပိုင်းမှာလည်း အတော်လေး အဆင်ပြေတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး သဘောကျစရာ ကောင်းတဲ့ ဇာတ်ကောင်လေးတွေ ပါဝင်လို့ စိတ်အပန်းဖြေချင်တဲ့ အချိန်လေး ကြည့်ဖို့ အကြံပေးချင်ပါတယ်။ File Size… (2.54GB) / (1.42MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 42m Genre ….Adventure , Animation , Comedy , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း