ဇာတ်ကားများ ရွေးရန်

Grumpy Old Men

1993ဇာတ်ကားအမှတ် 6.7/10103 မိနစ်

ဒီတစ်ခါမှာတော့ 1993 က ထွက်ထားတဲ့ "Grumpy Old Men"ဇာတ်ကားလေး ကြည့်ကြရအောင်ပါ။ ဒီဇာတ်ကားကို ဒါရိုက်တာ Donald Petrie က ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ Minnesota ပြည်နယ်မှာ နေထိုင်တဲ့ အသက်ကြီးပြီး အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် မျက်မုန်းကျိုးနေတဲ့ မတည့်အတူနေ အိမ်နီးချင်းနှစ်ယောက်​က​တော့ "ဂျွန် ဂတ်စတာဖန်" နဲ့ "မက်စ်ဂိုးလ်မန်း" တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ "အေရီရယ်" ဆိုတဲ့ မိန်းက​လေးတစ်ယောက် သူတို့ရဲ့ အိမ်ဘေးကို ပြောင်းလာတဲ့အခါ ပြောင်းလဲမှုတွေ စတင်ဖြစ်လာပါတော့တယ်။ "ဂျွန်" နဲ့ "မက်စ်" နှစ်ယောက်လုံး "​အေရီရယ်" ကို ချစ်မိသွားကြပြီး သူတို့ကြားက စိတ်အခန့်မသင့်မှုတွေက ပိုဆိုးလာပါတော့တယ်။ မိန်းမတစ်ယောက်အတွက်နဲ့ ပြိုင်ဆိုင်ရာကနေ တစ်ဖက်ကနေလည်း သူတို့နှစ်ယောက်ရဲ့ မိတ်ဆွေသဘော အသက်ကြီးလာမှုနဲ့ လူ့ဘဝရဲ့ တန်ဖိုးတွေကိုလည်း သိလာစေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မုန်းတီးမှုထက် မိတ်ဆွေ​ဖြစ်မှုက ပိုအရေးကြီးတယ်ဆိုတာ..... အသက်ကြီးလာတာနဲ့အမျှ ချစ်ခြင်းနဲ့ နားလည်မှုတွေက ပိုလိုအပ်လာတယ်ဆိုတာ.... သူတိုက သိလာနိုင်ပါ့မလား.... "အေရီရယ်"ကရော သူငယ်ချင်းနှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးချယ်သွားမလဲဆိုတာကတော့....ဆက်လက်ကြည့်လိုက်ကြရအောင်ပါရှင်

ဇာတ်လမ်းအကြောင်း